ဘဝမှာ ပညာရေးက အခြေခံ အုတ်မြစ်တစ်ခုပါပဲ ဆိုတဲ့ မိုးစက်ဝိုင်
''မိုးစက်ကတော့ ပညာရေးက ကိုယ့်ဘဝမှာ ဘယ်လောက် အရေးပါသလဲ ဆိုရင် ပညာရေးက လူတစ်ယောက်ရဲ့ အခြေခံ
အုတ်မြစ်တစ်ခုလိုပဲ အရမ်း အရေးပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပညာသင်
နေတဲ့အချိန်မှာ ကိုယ်နဲ့အတူ ပညာသင်နေတဲ့ သူတွေနဲ့ တွေ့ရမယ်။ နောက်ပြီး
ကိုယ့်ကိုပညာ မခြွင်းမချန်နဲ့ သင်ပေးတဲ့ ဆရာသမားတွေနဲ့ တွေ့ရမယ်။
အပြင်လောကမှာက ကိုယ့်ကို ပညာအကုန် သင်ပေး တယ်ဆိုတာ မရှိဘူးလေ။
စီးပွားရေးလုပ်ရင်ပဲ ဖြစ်ဖြစ် ဘယ်ကိစ္စမဆို ပညာ အကုန်သင်ပေးတယ် ဆိုတာက
ရှားပါတယ်။ ဒါကြောင့် ကျောင်းကဆရာတွေ ပညာသင်ပေးတဲ့ အချိန်မှာ ကိုယ်က
အကောင်းဆုံး ခံယူနိုင် ရမယ်လို့ ထင်ပါတယ်'' ဟု မိုးစက်ဝိုင်က ဆိုသည်။
မိုးစက်ဝိုင်၏ လတ်တလော ဖတ်ဖြစ်နေသည့်
စာပေနှင့်ပတ်သက်၍လည်း ''မိုးစက်ကတော့ ကျောင်းပြီးက တည်းက စာအုပ်တွေ
ဖတ်တဲ့အခါမှာ ကိုယ့်ကို အားတက်စေမယ့်၊ စိတ်ဓာတ် ခွန်းအားဖြစ်စေမယ့် စာအုပ်
တွေကို ဖတ်ဖြစ်တယ်။ ဒါကလည်း ဘဝအတွက် အထောက်အကူ ဖြစ်စေတယ်လို့ ထင်ပါတယ်'' ဟု
ဆက်လက် ပြောသည်။
သူမသည် မြန်မာနိုင်ငံတွင်သာမက
ပြည်ပနိုင်ငံသို့ သွားရောက် ပညာသင်ယူခဲ့ကာ အမေရိကန်နိုင်ငံ
ကယ်လီဖိုးနီးယားပြည်နယ်သို့ သွားရောက်၍ ပညာသင်ယူခဲ့ကြောင်း၊ သူမ၏
စိတ်ပါဝင်စားသော Marke-ting ပညာရပ်နဲ့ ဒီပလိုမာဘွဲ့ကို ရရှိခဲ့ကြောင်း
သိရသည်။ ယခုလို သွားရောက် ပညာသင်ယူခဲ့သည့် မိုးစက်ဝိုင်က အမေရိကန်
နိုင်ငံတွင် ပညာသင်ယူခဲ့သည့် အတွေ့အကြုံနှင့် ပတ်သက်ပြီး ''မိုးစက် အနေနဲ့က
တော့ကိုယ့်အမိနိုင်ငံမှာ ပညာသင်ပြီးသွားရင်လည်း တတ်နိုင်ရင် ပြည်ပကို
ပညာတော်သင် သွားတာ ပိုကောင်းတယ်လို့ ထင်ပါတယ်။ ပြည်ပနိုင်ငံက ပညာရေး
အတွေ့အကြုံတွေလည်း ရတာပေါ့။ ပြည်ပနိုင်ငံ တွေက ပညာရေးက အရမ်းကောင်းတယ်။
ဆရာတွေရဲ့ သင်ကြားမှုသာ မကဘဲ ကျောင်းသားတွေရဲ့ အမြင်တွေကိုပါ ဖွင့်ပေးတယ်။
ဆရာတွေရဲ့ သင်ကြားမှုတွေကို ကျောင်းသားတွေက နားလည်ရင် နားလည် သလို
ဖြေလို့ရတယ်။ အမှတ်ပေး စည်းမျဉ်းဆိုတာလည်း မရှိဘူး။ ပြီးတော့ ကျောင်းသားနဲ့
ဆရာရဲ့ ကြားထဲက ဆွေးနွေးမှုက တကယ်ကို အရေးပါပါတယ်။
ဆရာရဲ့ သင်ကြား
ပို့ချတာတွေချည်း မဟုတ်ဘဲ ကျောင်းသားတွေ နဲ့ ပြန်လည် ဆွေးနွေးခြင်းက
ကျောင်းသားတွေရဲ့ ဥာဏ်ကိုလည်း ပွင့်စေတယ် လို့ ထင်ပါတယ်'' ဟု ပြောသည်။
မိုးစက်ဝိုင်၏ ပရိသတ်များသာမက ကျောင်းသား၊
ကျောင်းသူများ အတွက် စကား လက်ဆောင်လေးကို လည်း''မိုးစက် ကျောင်းတက်တုန်းက
ဆိုရင် ကျောင်း အမြန်ပြီးချင်တယ်။ အခုတော့ ကျောင်းရှေ့ က ဖြတ်လျှောက်တိုင်း
ကျောင်းကို လွမ်းမိတယ်။ ကျောင်းသား ဘဝကို လည်း ပြန်တမ်းတမိတယ်။ ကျောင်းသား
ဘဝက ပျော်ဖို့ကောင်းတယ်။ ဒါကြောင့် ကျောင်းတက်ချိန် ကာလလေးအတွင်းမှာ
ကိုယ့်ဘက်က ရသမျှ ဘယ်အရာမဆို အကျိုးရှိတယ်လို့ ခံယူပြီး သေသေချာချာ
လေ့လာသင့်ပါတယ်။ တစ်ချိန်မှာ ဒါတွေက ကိုယ့်အတွက် တကယ် အကျိုးရှိလာမှာပါ''
ဟု စကားလက်ဆောင် ပါးခဲ့ သည်။

No comments:
Post a Comment