အင်္ဂလိပ်စာ သင်ကြားရေး စီမံကိန်းအတွက် UK နိုင်ငံမှ ပေါင် ၄ ဒသမ ၂ သန်းနီးပါး အကုန်ကျခံ ဆောင်ရွက်မည်
မြန်မာနိုင်ငံရှိ
ပညာရေး တက္ကသိုလ်၊ ပညာရေး ကောလိပ်နှင့် အင်္ဂလိပ်စာ ဘာသာစကား အမျိုးသား
ဗဟိုဌာန စသည်တို့တွင် UK နိုင်ငံမှ ဆောင်ရွက်သွားမည့် အင်္ဂလိပ်စာ သင်ကြားရေး
စီမံကိန်း တစ်ခု ဖြစ်သော EnglishFor Education College Trainers (EFECT)
စီမံကိန်းအတွက် စတာလင်ပေါင် လေး သန်းကျော် အကုန်ကျခံ ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း ဗြိတိသျှကောင် စီ (British Council) မှ မတ် ၂၉ ရက်က
ထုတ်ပြန်ကြေညာ လိုက်သည်။
ထိုစီမံကိန်းအတွက် အင်္ဂလိပ် ဘာသာစကားကို
မိခင်ဘာသာအဖြစ် ကျွမ်းကျင်စွာ ပြော ဆို ရေးသားနိုင် ပြီး ပြန်လည်
သင်ကြားပို့ချနိုင်သော ဆရာ၊ ဆရာမ ၅ဝ ဦးခန့်ကို UK နိုင်ငံ အခြေ စိုက်
နိုင်ငံရပ်ခြား လူမှုရေးဝန်ထမ်းအဖွဲ့ (Volunteer Services Overseas - VSO)
မှ ခေါ်ယူခန့်အပ်ရန် စီစဉ် ထားပြီး မြန်မာနိုင်ငံရှိ ပညာရေး ကောလိပ် ၁၉
ခု၊ ပညာရေး တက္ကသိုလ် နှစ် ခုနှင့် အင်္ဂလိပ်စာ ဘာသာ စကား အမျိုးသား
ဗဟိုဌာနတို့၌ တစ်ကျောင်းလျှင် အင်္ဂလိပ်စာ သင်တန်းနည်းပြ (Teacher Trainer)
နှစ် ဦးနှုန်း ထားရှိကာ သင်ကြားပို့ချ သွားမည် ဖြစ်ကြောင်း သိရ သည်။
အဆိုပါ သင်တန်းနည်းပြ ဆရာ၊
ဆရာမများကိုလည်း အစုအဖွဲ့ခြောက်စု ဖွဲ့စည်းကာ တစ်ဖွဲ့လျှင် အုပ်ချုပ် သူ
သင်တန်းမှူးချုပ် တစ်ဦးစီက တာဝန်ယူ ဦးဆောင်သွားမည် ဖြစ်သည်။
ယင်းစီမံကိန်းကို စက်တင် ဘာမှ စတင်ကာ ရည်ရွယ်ထားသော တက္ကသိုလ်များနှင့်
ကောလိပ်များ စသည့်နေရာ အသီးသီး တွင် သင်ကြားပို့ချသွားမည် ဖြစ်ပြီး
စီမံကိန်း ကာလသည် နှစ်နှစ်ခန့် ကြာမြင့် မည် ဖြစ်ကြောင်း သိရသည်။
စီမံကိန်းအတွက် အသုံးပြုရန် လျာထားငွေမှာ
စတာလင်ပေါင် ၄ ဒသမ ၂ သန်း (အမေရိကန် ဒေါ်လာ ၇ သန်းနီးပါး) ကိုမူ ယူကေနိုင်ငံ
နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဌာန (DFID) နှင့် ဗြိတိသျှ ကောင်စီ
(British Council)တို့မှ ဆတူထည့်ဝင်ကာ အကုန် ကျခံသွားမည် ဖြစ်ကြောင်း
သိရသည်။
No comments:
Post a Comment