Tuesday, April 1, 2014

နက္ခတ်သိပ္ပံ အကြံပြုလမ်းညွှန် - April 1, 2014

တနင်္ဂနွေဂြိုဟ် မိန်ရာသီနှင့် ဗုဒ္ဓဟူးနှင့် သောကြာဂြိုဟ်များ ကုမ်ရာသီ၌ ရပ်တည်နေပြီး အင်္ဂါဂြိုဟ် တူရာသီ၌ ဖေါက်ပြန် တည်ရှိနေမည်။ တနင်္လာဂြိုဟ် မိဿရာသီ၌ ရပ်တည်နေပြီး ကြာသပတေးဂြိုဟ် မေထုန်ရာသီ၌ ရပ်တည်နေပြီး စနေဂြိုဟ် တူရာသီတွင် ဖေါက်ပြန် တည်ရှိနေပါမည်။ ရာဟုနှင့် ကိတ်ဂြိုဟ်များ တူရာသီနှင့် မိဿရာသီ၌ တည်ရှိနေမည်။ ယူရေးနပ်စ်ဂြိုဟ် မိန်ရာသီ၊ နက်ပ်ကျွန်းနှင့် ပလူတိုဂြိုဟ်များ ကုမ်နှင့် ဓနုရာသီ၌ တည်ရှိနေမည်။ တနင်္လာနှင့် ရာဟု အပြန်အလှန် ၁၈၀ံအမြင်၊ တနင်္ဂနွေမှ ကြာသပတေးသို့ ၉၀ံ အမြင် ရှိထားသည်။ အဿဝဏီ နက္ခတ်စန်းယှဉ်ပြီး မိဿ၊ မေထုန် ၊တူ၊ ဓနုနှင့် မကာရရာသီဖွားများ ကံဇာတာ မြင့်မားချိန် ဖြစ်သည်။ အင်္ဂါ၊ ကြာသပတေးနှင့် စနေ သားသမီးများ အရေးကြီးကိစ္စ ဆောင်ရွက်နိုင်သည်။ လျှင်မြန်စွာ အကျိုးဖြစ်ထွန်းလိုသော လုပ်ငန်းများ စတင်ခြင်း၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ၊ အလျှင်အမြန် ပြန်လည် အရောင်းထွက်လိုသည့် ကုန်ပစ္စည်းနှင့် အိမ်ခြံမြေ ယာဉ် ၀ယ်ယူစုဆောင်းမှု၊ ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူး မိတ်ဆက်မှု၊ ဆေးကုသမှု ခံယူခြင်း၊ အနုပညာနှင့် အလှကုန် မိတ်ဆက်ဖြန့်ဖြူးမှု ကိစ္စများ၊ ပညာရေး ၀န်ဆောင်မှု လုပ်ငန်းများ၊ ဖက်ရှင်၊ စတိုး၊ အလှပြင်ဆိုင် ဖွင့်လှစ်မ၊ှု ထီကံစမ်းမှု ကိစ္စများ ဆောင်ရွက်နိုင်သည်။ ကံကောင်းဂဏန်း- ၂၊ ၈၊ ၉


တနင်္ဂနွေသားသမီးများ
လူမူရေးပိုင်းဆိုင်ရာ အတိုက်အခံ ပဋိပက္ခ ပြဿနာများ တွေ့ကြုံတတ်သည်။

တနင်္လာသားသမီးများ
ငွေကြေး အခက်အခဲနှင့် ဆုံးရှုံးနစ်နာမှုများ တွေ့ကြုံ ရင်ဆိုင်ရတတ်သည်။

အင်္ဂါနေ့သားသမီးများ
လုံ့လ ၀ီရိယ အကျိုးကြောင့် ကံကောင်းမည့် အခွင့်အရေးများ ရရှိလာမည်။

ဗုဒ္ဓဟူးနေ့သားသမီးများ
အတိုက်အခံနှင့် စိတ်လိုက်မာန်ပါ ဆောင်ရွက်မှုများ သတိပြုသင့်ချိန် ဖြစ်သည်။

ကြာသာပတေးနေ့သားသမီးများ
လုပ်ငန်းတွင် ရွှေရောင် ကံကောင်း အောင်မြင်မှုများ တွေ့ကြုံလာမည့် အချိန်ကာလ ဖြစ်သည်။

သောကြာနေ့သားသမီးများ
မိသားစုနှင့် ပတ်သက်၍ အိမ်တွင်းရေး ပဋိပက္ခ ပြဿနာများ တွေ့ကြုံရတတ်သည်။

စနေနေ့သားသမီးများ
ကံကောင်း ကြီးပွားမည့် အခွင့်အလမ်းများ ပေါ်ထွက်လာမည်။

ရာဟုနေ့သားသမီးများ
အခက်အခဲ အတိုက်အခံများကြောင့် ပဋိပက္ခ ပြဿနာများ ရင်ဆိုင်ရချိန် ဖြစ်သည်။
  

တနင်္ဂနွေသားသမီးများ ၀တ်ဆင်ရန် အနီ၊ အ၀ါ၊ ဆင်စွယ်
တနင်္လာနေ့သားသမီးများ ၀တ်ဆင်ရန် အ၀ါ၊ အနက်၊ အပြာနု
အင်္ဂါနေ့သားသမီးများ ၀တ်ဆင်ရန် အနီ၊ အ၀ါ၊ ခရမ်း
ဗုဒ္ဓဟူးနေ့သားသမီးများ ၀တ်ဆင်ရန် အ၀ါ၊ နက်ပြာ၊ အပြာနု
ကြာသာပတေးနေ့သားသမီးများ ၀တ်ဆင်ရန် အ၀ါ၊ အပြာနု၊ အနက်
သောကြာသားသမီးများ ၀တ်ဆင်ရန် အ၀ါ၊ အနက်၊ အပြာနု
စနေနေ့သားသမီးများ ၀တ်ဆင်ရန် အနက်၊ အ၀ါ၊ အဖြူ
ရာဟုနေ့သားသမီးများ ၀တ်ဆင်ရန် အ၀ါ၊ အပြာနု၊ အနက်

No comments:

Post a Comment

back to top