Tuesday, April 1, 2014

စည်ပင်နှင့် တိုင်းဒေသကြီး အစိုးရတို့၏ ခွင့်ပြုချက်ပါမှ ကားအရောင်း စင်တာ ဖွင့်ခွင့်ရမည်

လာမည့် ဘဏ္ဍာရေးနှစ် ၂ဝ၁၄-၂ဝ၁၅ ခုနှဏ်မှစ၍ ကားအရောင်း စင်တာနှင့် အရောင်းပြန်ခန်းများ ဖွင့်လှစ် လိုသူများ အနေဖြင့် ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ရန်ကုန် မြို့တော် စည်ပင်သာ ယာရေး ကော်မတီနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ခွင့်ပြုချက် ပါရှိမှသာ မော်တော်ယာဉ် တင်သွင်းရောင်းချ ခွင့်ပြု လက်မှတ်ကို ထုတ်ပေးတော့ မည်ဖြစ်ကြောင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။
ယခုကဲ့သို့ ပြောင်းလဲလိုက်ရခြင်းမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ ကားအရောင်းပြ ခန်းများ အလွန်များပြား လာခြင်းကြောင့် ဖြစ်ကြောင်း၊ ယခင်က ကားအသစ်များစွာ လိုအပ်ချက်ကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အရောင်းခန်းမများ ဖွင့်လျှင် ပထမဦးစွာ ခွင့်ပြု ထားပြီးမှ မြို့တော်စည်ပင်နှင့် တိုင်းဒေသကြီး အစိုးရတို့၏ ခွင့်ပြုချက်မှာ နောက်ခြောက်လအတွင်း ထုတ်ပေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီးဌာန မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီမှ သိရသည်။

လက်ရှိ ကားအရောင်း စင်တာနှင့် ကားအရောင်းပြခန်းများ ဖွင့်ရန် လျှောက်ထားသူ ၁၈၀ ကျော် တွင် ကျော်တွင် ၁၆ဝ ကျော်ကို ခွင့်ပြုပေးထားပြီး Brand New Car Show Room အတွက် ၁၀ ခု လျှောက်ထားခဲ့ရာ ခြောက်ခုကို ဖွင့်ခွင့်ပြုထားကြောင်း သိရသည်။
ဧပြီ ၁ ရက်မှစ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်နှင့် စည်ပင် သာယာရေး ကော် မတီ၏ လုပ်ငန်းလိုင်စင် ပြည့်စုံခြင်း မရှိသော အရောင်းစင်တာနှင့် အရောင်းပြခန်းများ၏ သက်တမ်းတိုး ကာလမှာ ခြောက်လအထိသာ တိုးမြှင့်ခွင့် ပေးတော့မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top