Wednesday, April 2, 2014

ဆီမီးဖိုင်နယ်သို့ တက်ရောက်ရန် အခွင့်အရေး ကျန်ရှိသေးသည်ဟု မိုယက်စ်ဆို

 

April 2, 2014

 မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ ဒေးဗစ်မိုယက်စ်က ချန်ပီယံလိဂ် လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းကို ကျော်ဖြတ်နိုင်ရန်အတွက် အခွင့်အရေး တစ်ရပ်ရှိကြောင်း ယုံကြည်နေသည်ဟု သိရသည်။ မန်ယူအသင်းသည် ပွဲကစားချိန် ၅၈မိနစ်တွင် အသင်းခေါင်းဆောင် ဗီဒစ်၏ ခေါင်းတိုက် သွင်းဂိုးဖြင့် ဦးဆောင် နိုင်ခဲ့သော်လည်း ရှစ်မိနစ် အကြာတွင် ဘိုင်ယန်အသင်း ကွင်းလယ် ကစားသမား ရှဝိန်းစတိုင်ဂါက ချေပဂိုး သွင်းယူခဲ့သည်။ “ဒုတိယအကျော့ ပွဲစဉ်မှာ ဂိုးတစ်ဂိုးသွင်းယူမှ ရမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဧရာမ အခွင့်အရေး တစ်ရပ်တော့ ရရှိထားပါပြီ။ ကျွန်တော်တို့ သူတို့နဲ့ ထိပ်တိုက် ရင်ဆိုင်သွားမှာပါ။ ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်ပေမယ့် ကျွန်တော်တို့ရဲ့ အကောင်းဆုံး ဘောလုံးစွမ်းရည်က ဒီပြိုင်ပွဲထဲမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ အကောင်းဆုံး ဘောလုံးစွမ်းရည်ကို နောက်တစ်ပတ် ဘိုင်ယန်အသင်းနဲ့ သွားကစားတဲ့အချိန်မှာ ပြသဖို့ လိုအပ်ပါတယ်”ဟု မိုယက်စ်က ပြောကြားခဲ့သည်။

No comments:

Post a Comment

back to top