High Waisted Skirt Fashion
ဖက်ရှင်ရေစီးကြောင်းအမျိုးမျိုး ပြောင်းလဲလာရာ ယခုအခါ အနုပညာရှင်တွေကြား
ခါးအပေါ် မြင့်မြင့် တက်ဝတ်ရတဲ့ စကတ်ဖက်ရှင် ခေတ်စားနေတာကို တွေ့ရပါတယ်။
ချည်သားအပွင့်လေးတွေ ဒါမှမဟုတ် ပြောင်စကတ်လေးတွေကို ခါးအပေါ်
မြင့်မြင့်တက်ဝတ်တာ စတိုင်လို ဖြစ်နေပါတယ်။ ဒီလိုခေတ်စားနေတဲ့ စကတ်ဝတ်ရာမှာ
ဆောင်ရန်၊ ရှောင်ရန် တွေကတော့-
ဖိနပ်ပါးနဲ့ မဝတ်ပါနဲ့
ဒီလိုစကတ်နဲ့ လိုက်တဲ့ဖိနပ်ကတော့ ဒေါက်မြင့်ဖိနပ်လေးတွေပါ။ ဒါမှ ခြေတံရှည်ပြီး စကတ်နဲ့လိုက်မှာပါ။

ခါးတိုတဲ့သူ မဝတ်ပါနဲ့
ခါးမြင့်စကတ်လေးတွေက ခါးရှည်တဲ့လူတွေနဲ့သာ လိုက်ဖက်ပါတယ်။ ခါးအပေါ် တက်ဝတ်ရတာကြောင့် ခါးတိုခါးတုတ်ပါက ပိုပြီး ခါးမရှိတော့ သယောင် ဖြစ်စေပါတယ်။

ခါးပတ်ကြီးနဲ့ ဝတ်ပါ
ခါးပတ်အကြီးကြီးတွေကလည်း လက်ရှိခေတ်စားနေတဲ့ ဖက်ရှင်ပါပဲ။ ဒါ့အပြင် ခါးပတ်ကြီးက ခါးကိုပိုသေးအောင် ပြုလုပ်ပေးပါတယ်။ ဒါပေမဲ့ အဝတ်အစားကြောင့် အရပ်ရှည်သွားသယောင် ထင်စေချင် ပါက ဒီလိုစတိုင်နဲ့တော့ အဆင်မပြေလောက်ပါ။

အပေါ်ပိုင်းကြီးသူ မဝတ်ပါနဲ့
ခါးမြင့်စကတ်က ရင်ဘတ်အောက်မှာ ကတည်းကစပြီး ကျပ်သွားတာကြောင့် ရင်သား ပိုကြီး သလို ဖြစ်စေနိုင် ပါတယ်။ တကယ်လို့ ဝတ်ချင်လွန်း သူဆိုရင်တော့ ကြည့်ရ အဆင်ပြေအောင် အပေါ်အင်္ကျီကို ပွပွချောင်ချောင် ဝတ်ပေးပါ။

ပြောင် အပေါ်အင်္ကျီရိုးရိုးသာ ဝတ်ပါ
အောက်ကစကတ်က အပွင့်ဆိုရင် အပေါ်အင်္ကျီကို ပြောင်လက်ပြတ် ဒါမှမဟုတ် တီရှပ်နဲ့ တွဲဝတ်ပေးပါ။ စွပ်ကျယ်ပြောင်၊ စကတ်ခါးမြင့်၊ ခါးပတ်ကြီးကြီး၊ ဆွဲကြိုးရှည်ရှည်၊ ဒေါက် ခပ်မြင့်မြင့်နဲ့ စလွယ်သိုင်း အိတ်လေးလွယ် ထားတဲ့စတိုင်ဟာ ခုနောက်ဆုံးပေါ် စတိုင် ဖြစ်ကာ နွေရာသီမှာ ဝတ်ရလည်း အဆင်ပြေပါတယ်။

Ref: Good Health

No comments:
Post a Comment