အလွန်ရှားပါး လှသည့် အပြာရောင်ရှိ စိန်ပွင့်ကြီးတစ်ပွင့် ဂျီနီဗာမြို့ တွင် လေလံတင် ရောင်းချ သွားမည်
ကမ္ဘာကျော် လေလံ ကုမ္ပဏီကြီး တစ်ခုဖြစ်သည့်
Chrstie's ကုမ္ပဏီသည် အလွန်ရှားပါး လှသည့် အပြာရောင် စိန်ပွင့်ကြီး
တစ်ပွင့်ကို လေလံ တင်ရောင်းချ သွားမည်ဟု ကြေညာခဲ့ကြောင်း သိရသည်။အလေးချိန်အားဖြင့် ၁၃ ဒသမ ၂၂ ကာရက်ရှိ
အဆိုပါ စိန်ကြီးကို ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့၌ မေ ၁၄ ရက်တွင်
ရောင်းချရန် စီစဉ်ထားပြီး ယင်းစိန်ကြီးကို ကာလ ပေါက်ဈေး ဒေါ်လာ ၂၁ သန်းမှ၂၅
သန်း အကြား ဈေးနှုန်းဖြင့် ရောင်းချနိုင်မည်ဟု လေလံ ကုမ္ပဏီက
မျှော်မှန်းထားသည်။
ကမ္ဘာ့အကြီးဆုံး အပြစ်အနာအဆာ ကင်းသည့်
အဆိုပါ စိန်ပွင့်ကြီးကို တောင်အာဖရိကနိုင်ငံ အတွင်းမှ တူးဖော်ရရှိခဲ့သည်ဟု
ယူဆရပြီး ယင်းစိန်ပွင့်ကြီးကို လက်ရှိ ပိုင်ဆိုင်ထားသူ အား လေလံ ကုမ္ပဏီမှ
ထုတ်ဖော် ပြောကြားခြင်းမရှိကြောင်း သိရသည်။ ယင်းစိန်ပွင့်ကြီးကို ဧပြီ
၂၄ရက်တွင် တရုတ်နိုင်ငံ ဟောင်ကောင်မြို့၌ ထုတ်ဖော် ပြသ ခဲ့ကြောင်းသိရသည်။

No comments:
Post a Comment