Friday, April 25, 2014


ပါကစ္စတန်နှင့် ယူအေအီးနိုင်ငံတို့ ရေတပ်ပူးတွဲ စစ်ရေး လေ့ကျင့် ခန်း ပြုလုပ်
ပါကစ္စတန်နိုင်ငံနှင့် ယူအေအီး နိုင်ငံတို့သည် Nasl-Al-Bahr (Sea Blade) အမည်ရှိ ရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်ခန်းကို ပါကစ္စတန် ရေပိုင်နက်တွင် လေ့ကျင့်လျက်ရှိကြောင်း   ဧပြီ ၂၄ ရက် ဆင်ဟွာ
သတင်းတစ်ရပ်အရ သိရသည်။ အဆိုပါ စစ်ရေး လေ့ကျင့်ခန်းကို ဧပြီ ၂ဝ ရက်မှ ဧပြီ ၂၆ ရက်အထိ ရက်သတ္တတစ်ပတ်ကြာ ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် အဆိုပါ စစ်ရေးလေ့ကျင့် ခန်း ပြု လုပ်ခြင်းဖြင့် နှစ်နိုင်ငံ ရေတပ်များအကြား အတွေ့အကြုံ၊ နည်းဗျူဟာမြောက် စစ်ရေးဆိုင်ရာ အယူအဆများနှင့် သဘောထားအမြင်များကို အပြန်အလှန် ဖလှယ်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်း တစ်ရပ် ရရှိစေနိုင်ကြောင်း ပါကစ္စတန် ရေတပ်ဖွဲ့ အကြီးအကဲ ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး Khan Hasham Bin Saddique က ပြောကြားခဲ့သည်။
အဆိုပါ စစ်ရေး လေ့ကျင့်ခန်းတွင် ယူအေအီးနိုင်ငံမှ စစ်သင်္ဘော    Abu Dhabi နှင့် Al Hesen တို့အပါအဝင် ရေကြောင်း ကင်းလှည့်လေယာဉ် Dash-08 နှင့် အထူးတပ်ဖွဲ့သုံး စစ်လက်နက်များ ပါဝင်ကြောင်း သိရသည်။ နှစ်နိုင်ငံ ရေတပ်များအကြား ရှေးယခင် ကတည်းကပင် ကောင်းမွန်သည့် ဆက်ဆံရေးများ ရှိခဲ့ပြီး ယခု စစ်ရေး လေ့ကျင့်ခန်းအား ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း ရေရှည်အပြန်အလှန် ပူးပေါင်းဆောင်ရွက် မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top