Friday, April 25, 2014

အော်စကာဆုများရှင် ဝါရင့် မင်းသမီးချော မာရီယာစထရိပ် ဂုဏ်ပြုဆု ချီးမြှင့်ခံရ 

 
ဝါရင့်သရုပ်ဆောင် မင်းသမီးချော မာရီယာစထရိပ်သည် နယူးယောက်မြို့ရှိ Eugene O'Neill ပြဇာတ်ရုံတွင်
 ဧပြီ ၂၂ ရက်က ကျင်းပခဲ့သော (၁၄) ကြိမ်မြောက် Monte Cristo Award ဆုပေးပွဲ နှစ်ပတ်လည် အခမ်း အနားတွင် ဂုဏ်ပြုဆု ချီးမြှင့် ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြုဆုသည် ၎င်းပြဇာတ်ရုံတွင် ပါဝင်ကပြ ဖျော်ဖြေပေးသူများအား ချီးကျူးဂုဏ်ပြု၍ ပေးအပ်သော ဆုဖြစ်ကြောင်း သိရသည်။ မိမိအနေဖြင့် ယင်းကဲ့သို့ ဂုဏ်ပြုဆု ချီးမြှင့်ခံရခြင်းသည် အနှစ် ၄ဝ ကာလ အတွင်း ပထမဆုံးအကြိမ် ဖြစ်သည့်အတွက် အလွန်ပင် ဝမ်းသာမိကြောင်း အော်စကာဆု သုံးဆုရှင် မာရီယာက ပြောကြားခဲ့သည်။
ထို့ပြင် မာရီယာသည် ၁၉၇၅ ခုနှစ်က O'Neill ပြဇာတ်ရုံ၌ ကျင်းပခဲ့သော National Playwrights Conference အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြဇာတ်ငါးပုဒ်တွင် ပါဝင်ကပြ ဖျော်ဖြေခဲ့ကြောင်း သိရသည်။

 

No comments:

Post a Comment

back to top