Monday, April 7, 2014

လီဗာပူးတိုက်စစ်မှူး ဘိုရီနီကို စပါးအသင်း ခေါ်ယူလို

 

 စပါး အသင်းသည် ဆန်းဒါးလန်း အသင်းတွင် အငှား ကစားနေသည့် လီဗာပူးအသင်းမှ တိုက်စစ်မှူး ဘိုရီနီကို ခေါ်ယူနိုင်ရန် အတွက် စိတ်ဝင်စားနေကြောင်း သိရသည်။ အဆိုပါ အီတလီ တိုက်စစ်ကစားသမားသည် ရိုးမားအသင်းမှ လီဗာပူး အသင်းသို့ ရောက်လာခဲ့သူ ဖြစ်ပြီး အသင်းမှာ နေရာမရ ဖြစ်နေသောကြောင့် ဆန်းဒါးလန်း အသင်း၌ တစ်ရာသီ အငှား ကစားနေချိန်တွင် ခြေစွမ်းများ ကောင်းမွန်နေသည့် ကစားသမားလည်း ဖြစ်သည်။ လီဗာပူးအသင်းသည် ဘိုရီနီကို အပြီးသတ် ရောင်းထုတ်ရန် နည်းပြ ဘရန်ဒန်ရော်ဂျာ ကိုယ်တိုင် ကမ်းလှမ်းမှုများကို နားစွင့်နေကြောင်း သတင်းများက ဆိုသည်။ အသက် ၂၃ နှစ် အရွယ်ရှိ ဘိုရီနီသည် ယခုရာသီ တန်းဆင်းဇုန် ဖိအားမှ မလွတ်မြောက်သေးသည့် ဆန်းဒါးလန်း အသင်းအတွက် သွင်းဂိုး ၆ ဂိုး အထိ သွင်းယူထားသူ ဖြစ်သည်။ ဘိုရီနီသည် ၎င်းအနေဖြင့် ပုံမှန် ပွဲထွက်ကစားခွင့် ရရှိစေမည့် ကလပ်အသင်း တစ်ခုကို မျှော်လင့်နေပြီး လက်ရှိ အချိန်တွင် အဆိုပါ တိုက်စစ်မှူးကို စပါးအသင်းက စောင့်ကြည့်နေသည်။ လီဗာပူး အသင်းသည် ၂၀၁၂ ခုနှစ် နွေရာသီတွင် ဘိုရီနီကို ပေါင် ၁၀.၅ သန်းဖြင့် ရိုးမားအသင်းမှ ခေါ်ယူခဲ့ပြီး အဆိုပါ တိုက်စစ်မှူးကို လာမည့် နွေရာသီတွင် လီဗာပူး အသင်းအနေဖြင့် ယင်းပမာဏထက် နည်းသော တန်ဖိုးနည်း ဈေးနှုန်းဖြင့် ပြန်လည်ကာ ရောင်းထုတ်ရန် အစီအစဉ် ရှိနေကြောင်း သတင်းများက ဆိုသည်။

No comments:

Post a Comment

back to top