Tuesday, April 29, 2014

ဘယ်ဂျီယံ စက်ဘီးစီး ပြိုင်ပွဲမှာ ဆိုင်မွန်ဂျာရန် အနိုင်ရတဲ့ သတင်း


တနင်္ဂနွေနေ့က ဘယ်ဂျီယံနိုင်ငံမှာ ကျင်းပတဲ့ လိဂ်-ဘတ်တန်း-လိဂ် စက်ဘီးစီးပြိုင်ပွဲမှာ သြစတြေးလျနိုင်ငံသား ဆိုင်မွန်ဂျာရန်က (၆)နာရီ(၃၇)မိနစ်(၄၃)စက္ကန့်နဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ ဒီပြိုင်ပွဲက အကြိမ်(၁၀၀)မြောက်ဖြစ်ပြီး (၂၆၃)ကီလိုမီတာခရီးကို တစ်နေ့တာ ပြိုင်ရတာပါ။ စပိန်နိုင်ငံသား အလက်ဇန်ဒရိုဗယ်ဗာဒီကလည်း စံချိန်တူနဲ့ပဲ ဒုတိယရပြီး ပိုလန်နိုင်ငံသား ၀ီယာကော့စကီးက တတိယ ရပါတယ်။(၂၀၁၄) စက်ဘီးပြိုင်ပွဲ ရာသီဟာ အခုဆို တစ်ဝက် ကျိုးသွားပါပြီ။ ဒီပြိုင်ပွဲကတော့ ရာသီဝက်ရဲ့ နောက်ဆုံး တစ်နေ့တာပြိုင်ပွဲ ဖြစ်ပါတယ်။

No comments:

Post a Comment

back to top