ဇူးရစ် ကလပ်စစ် ဂေါက်သီးရိုက် ပြိုင်ပွဲမှာ နိုဆောင်ယယ် ဗိုလ်စွဲတဲ့ သတင်း

အမေရိကန် ပြည်ထောင်စု လူဝီစီးယားနားပြည်နယ် နယူးအော်လင်းမြို့မှာ တနင်္ဂနွေနေ့က ကျင်းပပြီးစီးတဲ့ ဇူးရစ်ကလပ်စစ် ဂေါက်သီးရိုက်ပြိုင်ပွဲမှာ တောင်ကိုရီးယားနိုင်ငံသား နိုဆောင်ယယ် ဗိုလ်စွဲသွားပါတယ်။ အသက်(၂၂)နှစ်သာ ရှိသေးတဲ့ နိုဆောင်ယယ်က (၆၅၊၆၈၊၆၅၊၇၁)ချက်နဲ့ လေးရက်ပေါင်း (၂၆၉)ချက်ရိုက်ပြီး ချန်ပီယံဆုကြေး ဒေါ်လာ(၁ဒသမ၂၂၄)သန်း ရသွားပါတယ်။ နိုဆောင်ယယ်အနေနဲ့ ပီဂျီအေတိုး ချန်ပီယံဆုကို ပထမဆုံးရရှိတာ ဖြစ်ပါတယ်။ ပြိုင်ပွဲသမိုင်း တစ်လျှောက်မှာတော့ နိုဆောင်ယယ်ဟာ ပီဂျီအေတိုး ချန်ပီယံဆုရ စတုတ္ထမြောက် တောင်ကိုရီးယား ဂေါက်သီး သမားအဖြစ် မှတ်တမ်း ၀င်သွားပါတယ်။ တောင်ကိုရီးယား ဂေါက်သီးသမားတွေဖြစ်တဲ့ ကေဂျေချွိုင်က ပီဂျီအေတိုး ချန်ပီယံဆုကို (၈)ကြိမ် ၊ယန်ယောင်အွန်က (၂)ကြိမ်နဲ့ ဘေဆောင်မွန်းက (၁)ကြိမ် ရထားပါတယ်။ တောင်ကိုရီးယားမှာမွေးပြီး အမေရိကန်နိုင်ငံသား ခံယူလိုက်တဲ့ ကီဗင်နာလည်း ပီဂျီအေတိုး ချန်ပီယံဆုကို (၁)ကြိမ်ရဖူးပါတယ်။
No comments:
Post a Comment