Tuesday, April 29, 2014

နက္ခတ်သိပ္ပံ အကြံပြုလမ်းညွှန် - April 30, 2014

တနင်္ဂနွေနှင့် ဗုဒ္ဓဟူးဂြိုဟ်များ မိဿရာသီ၊ သောကြာဂြိုဟ် ကုမ်ရာသီ၌ ရပ်တည်နေပြီး အင်္ဂါဂြိုဟ် ကန်ရာသီ၌ ဖေါက်ပြန် တည်ရှိနေမည်။ တနင်္လာဂြိုဟ် မိဿရာသီ၌ ရပ်တည်နေပြီး ကြာသပတေဂြိုဟ် မေထုန်ရာသီ၌ ရပ်တည်နေပြီး စနေဂြိုဟ် တူရာသီတွင် ဖေါက်ပြန် တည်ရှိနေပါမည်။ ရာဟုနှင့် ကိတ်ဂြိုဟ်များ တူရာသီနှင့် မိဿရာသီ၌ တည်ရှိနေမည်။ ယူရေးနပ်စ်ဂြိုဟ် မိန်ရာသီ၊ နက်ပ်ကျွန်း ကုမ်ရာသီနှင့် ပလူတိုဂြိုဟ် ဓနုရာသီ၌ ဖေါက်ပြန် တည်ရှိနေမည်။ ပလူတိုမှ ဗုဒ္ဓဟူးသို့ ၁၂၀ံအမြင်၊ တနင်္လာနှင့် စနေ အပြန်အလှန် ၁၈၀ံအမြင် ရှိထားသည်။ ရွှေနှင့် မတ်ပဲ ဈေးနှုန်းများ မြင့်တက်လာတတ်သည်။ ကြတ္တိကာ နက္ခတ်စန်းယှဉ်ပြီး မိဿ၊ ကရကဋ်၊ သိဟ်၊ ဓနု၊ မကာရနှင့် ကုမ်ရာသီဖွားများ ကံဇာတာ မြင့်မားချိန် ဖြစ်သည်။ တနင်္ဂနွေ၊ တနင်္လာ၊ သောကြာ၊ စနေသားသမီးများ အရေးကြီးကိစ္စ ဆောင်ရွက်နိုင်သည်။ ထီကံစမ်းမှု၊ ရေနံ/ သဘာဝဓါတ်ငွေ့ /ကျောက်မျက် တူးဖော်မှု ကိစ္စများ၊ ပညာရေး ၀န်ဆောင်မှု လုပ်ငန်း စတင်ခြင်း၊ ရွှေရတနာဆိုင် ဖွင့်လှစ်မှု ကိစ္စများ၊ အနုပညာ ထုတ်လုပ်ဖြန့်ချီမှု၊ စတိုးနှင့် စူပါမားကတ် ဖွင့်လှစ်မှုများ ဆောင်ရွက်နိုင်သည်။ ကံကောင်းဂဏန်း- ၁၊ ၂၊ ၆ 



တနင်္ဂနွေသားသမီးများ
ကံဇာတာ ဆက်လက် လင်းလက် တောက်ပပြီး အောင်မြင်မှု လမ်းမများထက် ရွက်လွှင့်နိုင်ချိန် ဖြစ်သည်။

တနင်္လာသားသမီးများ
ကံဇာတာ၏ မျက်နှာသာ ပေးမှုကြောင့် မထင်မှတ်သည့် ကံကောင်းမှုများ လက်ဝယ် ရောက်ရှိလာမည်။

အင်္ဂါနေ့သားသမီးများ
စိတ်လိုက်မာန်ပါ ဆောင်ရွက်မှုနှင့် ဒေါသတရားအား ထိန်းချုပ်သင့်ချိန် ဖြစ်သည်။

ဗုဒ္ဓဟူးနေ့သားသမီးများ
မိသားစု အရေးကိစ္စများ အတွက် အတိုက်အခံ ပဋိပက္ခ တွေ့ကြုံမည်။

ကြာသာပတေးနေ့သားသမီးများ
လူမူရေး အနှောင့်အယှက် ပြဿနာများကြား စိတ်ပင်ပန်းမှုနှင့် သောကဗျာပါဒ များပြားရချိန် ဖြစ်သည်။

သောကြာနေ့သားသမီးများ
လုပ်ငန်းတွင် ကောင်းသော အဆက်အသွယ် အထောက်အပံ့ အကူအညီကောင်းများ ရရှိ၍ ကြိုးစားသလောက် အရာထင်မည်။

စနေနေ့သားသမီးများ
ငွေကြေး အကျိုးပေးကံ ကောင်းမွန်၍ ထီကံစမ်းပေးသင့်သော ရွှေရောင် အချိန်ကာလ ဖြစ်သည်။

ရာဟုနေ့သားသမီးများ
အတိုက်အခံများ ပြင်းထန်၍ ဆုံးရှုံး နစ်နာမှုများ ရင်ဆိုင် တွေ့ကြုံရမည့် အချိန်ကာလ ဖြစ်သည်။



တနင်္ဂနွေသားသမီးများ ၀တ်ဆင်ရန်ပန်းရောင်၊ ဆင်စွယ်၊ ခရမ်း
တနင်္လာနေ့သားသမီးများ ၀တ်ဆင်ရန်ဆင်စွယ်၊ အပြာနု၊ အ၀ါ
အင်္ဂါနေ့သားသမီးများ ၀တ်ဆင်ရန်အ၀ါ၊ ဆင်စွယ်၊ အဖြူ
ဗုဒ္ဓဟူးနေ့သားသမီးများ ၀တ်ဆင်ရန်အပြာနု၊ ပန်းရောင်၊ ဆင်စွယ်
ကြာသာပတေးနေ့သားသမီးများ ၀တ်ဆင်ရန်ပန်းရောင်၊ ခရမ်း၊ အပြာနု
သောကြာသားသမီးများ ၀တ်ဆင်ရန်ပန်းရောင်၊ အ၀ါ၊ အပြာနု
စနေနေ့သားသမီးများ ၀တ်ဆင်ရန်ပန်းရောင်၊ အနက်၊ အ၀ါ
ရာဟုနေ့သားသမီးများ ၀တ်ဆင်ရန်အ၀ါ၊ နက်ပြာ၊ ပန်းရောင်

No comments:

Post a Comment

back to top