နက္ခတ်သိပ္ပံ အကြံပြုလမ်းညွှန် - April 29, 2014
တနင်္ဂနွေနှင့် ဗုဒ္ဓဟူးဂြိုဟ်များ မိဿရာသီ၊ သောကြာဂြိုဟ် ကုမ်ရာသီ၌ ရပ်တည်နေပြီး အင်္ဂါဂြိုဟ် ကန်ရာသီ၌ ဖေါက်ပြန် တည်ရှိနေမည်။ တနင်္လာဂြိုဟ် မိဿရာသီ၌ ရပ်တည်နေပြီး ကြာသပတေးဂြိုဟ် မေထုန်ရာသီ၌ ရပ်တည်နေပြီး စနေဂြိုဟ် တူရာသီတွင် ဖေါက်ပြန် တည်ရှိနေပါမည်။ ရာဟုနှင့် ကိတ်ဂြိုဟ်များ တူရာသီနှင့် မိဿရာသီ၌ တည်ရှိနေမည်။ ယူရေးနပ်စ်ဂြိုဟ် မိန်ရာသီ၊ နက်ပ်ကျွန်း ကုမ်ရာသီနှင့် ပလူတိုဂြိုဟ် ဓနုရာသီ၌ ဖေါက်ပြန် တည်ရှိနေမည်။ မြန်မာနိုင်ငံမှ မမြင်ရသည့် နေတစ်စိတ်တစ်ပိုင်း ကြတ်သော ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာပါလိမ့်မည်။ တနင်္ဂနွေနှင့် တနင်္လာ ပူးယှဉ်မည်။ တနင်္လာနှင့် ဗုဒ္ဓဟူး ပူးယှဉ်မည်။ ပလူတိုမှ တနင်္လာသို့ ၁၂၀ံအမြင် ရှိထားသည်။ ရွှေနှင့် မတ်ပဲ ဈေးနှုန်းများ မြင့်တက်လာတတ်သည်။ ဘရဏီ နက္ခတ်စန်းယှဉ်ပြီး မေထုန်၊ ကရကဋ်၊ သိဟ်၊ တူ၊ ဓနုနှင့် မကာရရာသီဖွားများ ကံဇာတာ မြင့်မားချိန် ဖြစ်သည်။ ကြာသပတေး၊ သောကြာ၊ စနေသားသမီးများ အရေးကြီးကိစ္စ ဆောင်ရွက်နိုင်သည်။ စာပေအနုပညာ ထုတ်လုပ်ဖြန့်ချီမှု၊ အလှကုန်နှင့် စားသောက်ကုန် မိတ်ဆက် ဖြန့်ဖြူးမှု၊ ဖက်ရှင်၊ စတိုး အလှပြင်ဆိုင် ဖွင့်လှစ်မှု၊ ရွှေရတနာနှင့် ပတ်သက်သော လုပ်ငန်း စတင်မှု/ ၀ယ်ယူစုဆာင်းမှု၊ မြေယာ ၀ယ်ယူမှု ကိစ္စများ၊ စက်မှုနှင့် ဆေးဝါး ပစ္စည်းများ မိတ်ဆက် ဖြန့်ဖြူးမှု၊ စက်ရုံ/ ဆန်စက်-ဆီစက် ဖွင့်လှစ်မှု၊ ကျောက်မျက်ရတနာ ၀ယ်ယူစုဆောင်းမှု၊ ထီကံစမ်းမှုများ ဆောင်ရွက်နိုင်သည်။ ကံကောင်းဂဏန်း- ၁၊ ၄၊ ၆
တနင်္ဂနွေသားသမီးများ
စိတ်ပင်ပန်း ဖိစီးမှုများ ပြင်းထန်၍ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများ ရင်ဆိုင် ကျော်ဖြတ်ရချိန် ဖြစ်သည်။
တနင်္လာသားသမီးများ
ကျန်းမာရေး အညံ့နှင့် အတိုက်အခံ အနှောင့်အယှက် ပဋိပက္ခများ တွေ့ကြုံ ရင်ဆိုင်ရတတ်သည်။
အင်္ဂါနေ့သားသမီးများ
ကံအညံ့ ဆက်လက် တွေ့ကြုံ ရင်ဆိုင်ရပြီး ဆုံးဖြတ်ချက်များ လွဲချော် မှားယွင်းချိန် ဖြစ်သည်။
ဗုဒ္ဓဟူးနေ့သားသမီးများ
လုပ်ငန်းတွင် အဆင်မပြေမှုနှင့် ဆုံးရှုံး နစ်နာမှုများ တွေ့ကြုံ ရင်ဆိုင်ရတတ်သည်။
ကြာသာပတေးနေ့သားသမီးများ
လုပ်ငန်းတွင် လုံ့လ၀ီရိယ အကျိုးခံစားရမည့် ရွှေရောင်နေ့ရက် အချိန်ကာလ ဖြစ်သည်။
သောကြာနေ့သားသမီးများ
လုပ်ငန်းတွင် ကံဇာတာ တောက်ပ လင်းလက်မှုများ စိတ်တိုင်းကျ ရယူ ပိုင်ဆိုင်ခွင့် ရှိမည်။
စနေနေ့သားသမီးများ
ကံကောင်း ကြီးပွားမှုများ ဆက်လက် ရယူ ပိုင်ဆိုင်ခွင့်ရှိမည့် ရွှေရောင် အချိန်ကာလ ဖြစ်သည်။
ရာဟုနေ့သားသမီးများ
ငွေကြေး ကိစ္စများတွင် စိတ်အနှောင့်အယှက် တွေ့ကြုံ၍ ငွေကုန်ကျမှု များပြားတတ်မည်။
| တနင်္ဂနွေသားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ ဆင်စွယ်၊ အနက် |
| တနင်္လာနေ့သားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ အနက်၊ ခရမ်း |
| အင်္ဂါနေ့သားသမီးများ ၀တ်ဆင်ရန် | ခရမ်း၊ အ၀ါ၊ အပြာနု |
| ဗုဒ္ဓဟူးနေ့သားသမီးများ ၀တ်ဆင်ရန် | အပြာနု၊ ဆင်စွယ်၊ ခရမ်း |
| ကြာသာပတေးနေ့သားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ အနက်၊ အပြာနု |
| သောကြာသားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ ခရမ်း၊ အဖြူ |
| စနေနေ့သားသမီးများ ၀တ်ဆင်ရန် | ခရမ်း၊ အ၀ါ၊ ပန်းရောင် |
| ရာဟုနေ့သားသမီးများ ၀တ်ဆင်ရန် | ပန်းရောင်၊ ခရမ်း၊ အ၀ါ |
No comments:
Post a Comment