Monday, April 7, 2014

ဗဟိုအတွင်းရေးမှူး သူရဦးအောင်ကို ကန်ပက်လက်မြို့ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်း များဆောင်ရွက်



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို သည် မတ်လ (၂၈) ရက် ၁၆း၀၀ နာရီ အချိန်တွင် သူရဦးအောင်ကိုသည် ကန်ပက်လက်မြို့ လွှတ်တော် ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများပြီးစီးမှု အခြေအေ နတို့နှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးသို့ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးမနားနိုင်းနှင့် မြို့နယ်များမှ ဖွဲ့စည်းထားသောကော်မတီ ၃ ခုမှ ဥက္ကဋ္ဌများတက်ရောက်ခဲ့ကြ ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများကို ညှိနှိုင်း ဆွေးနွေးခဲ့သည်။

ဗဟိုအတွင်းရေးမှူးသည် မတ်လ (၂၉) ရက် ၈း၃၀ အချိန်တွင် ကန်ပက်လက် မြို့၊ ပြည်ခိုင်ဖြိုးပါတီရုံး၌ မြို့နယ် အလုပ အမှုဆောင် များနှင့် တွေ့ဆုံ၍ ပါတီ စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ပါတီဝင်အင်အား တိုးတက်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဗဟိုအတွင်းရေးမှူး ကန်ပက်လက်မြို၊ နန်းအိုးကျေးရွာ၌ အစိုးရ စာသင်ကျောင်း မရှိသည့်အတွက် ကျေးရွာရှိ ကလေးငယ်များ ပညာသင် ကြားနိုင်ရေး ပြင်ပဆရာများကိုငှားရမ်းလျက်ရှိသဖြင့် အဆိုပါပြင်ပဆရာ ငှားရမ်းခ တစ်နှစ်စာငွေကျပ် ၃ သိန်းကို ဗဟိုအတွင်းရေးမှူးမှ ပေးအပ် လှူဒါန်းခဲ့ပါသည်။

No comments:

Post a Comment

back to top