Monday, April 7, 2014

လောင်းကစားသမားမဟုတ်ပါလို့ဆိုတဲ့ လီမင်ဟို 
လီမင်ဟိုလို့ဆိုလိုက်ရင် သူနဲ့ပက်သက်တဲ့သတင်းတွေက စဉ်ဆက်မပြတ်တဲ့မင်းသားလို့လည်း သိနိုင်ပါတယ်။ ပရိသတ်များ သလောက် သူ့အတွက် သတင်းတွေ က ကျော်ကြား မှုအရှိန်ကိုပင့်တင်ပေးသလို သတင်းဆိုးတချို့ကြောင့်လည်း သူ့ကိုထိခိုက်နိုင် ပါတယ်။ မကြာသေးခင်က နယူးဇီလန်မှာ လီမင်ဟိုတစ်ယောက် အပျော်တန်း ဝင်ကစားရင်း လောင်းကစားသမားလို့ သတင်းများ ထွက်လာခဲ့တာ ကြောင့် သူ့ရဲ့အေဂျင်စီက တဆင့် ငြင်းချက်ထုတ်ရပြန်ပါတယ်။လီမင်ဟို ဆိုတာ ကာစီနိုတွေမှာတွေ့ ရဖို့သိပ်ခက်တဲ့မင်းသားပါ။
 နယူးဇီလန်မှာ အဲဒီရက်တုန်းက အဝတ်အစား တံဆိပ်တစ်ခုအတွက် ရိုက်ကွင်းကို အပြင်ဘက်မှာတည်တော့ အဲဒီနားမှာ စားသောက်ဆိုင် တစ်ခုနဲ့ကပ်နေ တဲ့ လောင်းကစား လုပ်လို့ရတဲ့နေရာသေးသေးလေးတစ်ခုရှိပါတယ်။ အဲဒီနေရာမှာ လူတိုင်း က နားနားနေနေ စားရင်းသောက်ရင်း၊ အနားယူရင်း ၊ ဓာတ်ပုံရိုက်ရင်း အပျော်တမ်း ဝင်ကစား ကြပါတယ်။ လီမင်ဟိုလည်း သောက်စရာတစ်ခုသောက်ရင်းအပျော်တမ်းဂိမ်းတစ်ခုလောက်ဝင်ဆော့ခဲ့တာပါ။ လောင်း ကစား လုပ်တဲ့သူလို့ ကင်ပွန်းတပ် ရလောက် အောင်လည်းမဟုတ်ပါဘူး။ ၁၈ နှစ် အထက်လူတိုင်း တရားဝင် ကစား နိုင်တဲ့ နေရာလေးပါလို့ လီမင်ဟိုရဲ့ ကိုယ်စား လှယ်က   ဖြေရှင်းခဲ့ပါတယ်။

No comments:

Post a Comment

back to top