Monday, April 7, 2014

တရုတ်နိုင်ငံတွင် ဖွင့်လှစ်လိုက်သည့် ဂရင်းနစ် စံချိန်တင် ငါးပြတိုက်ကြီး

ဧပြီလ ၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည့် တရုတ်နိုင်ငံ ၊ အရှေ့ တောင်ပိုင်း၊ Macao အနီး Hengqin ကျွန်းစုအနီး အပန်းဖြေ စခန်းအတွင်းတည်ဆောက်ခဲ့သည့် Chimelong Ocean Kingdom ငါးပြတိုက်ကို ကမ္ဘာ့အကြီးဆုံး ငါးပြတိုက်အဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းတွင် ကမ္ဘာ့အကြီးဆုံး ငါးပြတိုက် ၊ ကမ္ဘာ့အကြီးဆုံး ရေအောက်ရှုခင်းကြည့် အမိုးခုံး ၊ ကမ္ဘာ့အကြီးဆုံး ငါးလှောင်ကန် ၊ ကမ္ဘာ့ အကြီးဆုံး ရေအောက် ရှုခင်းကြည့် ဖန်သားပြင် ၊ ကမ္ဘာ့အကြီးဆုံး အက်ခရီလစ်မှန်ကူကွက် စသည့်  စံချိန်ငါးခုကို တင်နိုင်ခဲ့သည်။

အဆိုပါ ငါးပြတိုက်သည် ၁၂၅ ဧက ကျယ်ဝန်းပြီး သုံးနှစ်ကြာ တည်ဆောက်ခဲ့ရသည်။ ထို့အပြင် ကမ္ဘာ့အရှည်ဆုံး ဝေလငါး ၊ ငါးမန်း ပြခန်း ဥမင်လမ်း အဖြစ်လည်း မှတ်တမ်းတင်နိုင်ရန် ဆက်လက် ချဲ့ထွင်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top