လပွတ္တလုပ်ကြီး-ချောင်းဝ ချောင်းကူးတံတားသစ်ဖွင့်
ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သော မော်လမြိုင်ကျွန်း မြို့နယ် လပွတ္တလုပ် ကြီးကျေးရွာအုပ်စုမှ လပွတ္တလုပ်ကြီး-ချောင်းဝ ရန်အောင် အမှတ် (၂) ချောင်းကူးတံတားသစ် ဖွင့်ပွဲ အခမ်းအနားကို ဧပြီလ (၂၅) ရက် မွန်းတည့် ၁၂ နာရီအချိန်တွင် ရန်အောင် အမှတ် (၂) ချောင်းကူးတံတားထိပ် ၌ ကျင်းပသည်။
ယင်းအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုလွင်က လမ်း၊ တံတား ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး လပွတ္တလုပ်ကြီး-ချောင်းဝ တံတားအား မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းသိန်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမျိုးလင်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
အဆိုပါ လပွတ္တလုပ်ကြီး-ချောင်းဝ ရန်အောင်အမှတ် (၂) တံတား ကို ပြည်ထောင်စုလွှတ်တော် ရန်ပုံငေံမှ ကျပ်သိန်း (၃၀) ဖြင့် ဆောက်လုပ် ခဲ့ခြင်းဖြစ်ပြီး တံတားအရှည် ၅၅ ပေ၊ အကျယ် ၇ ပေ ရှိသော ရန်အောင် အမှတ် (၂) ချောင်းဝတံတား ဆောက်လုပ်ပြီးစီးသွားသဖြင့် အနီး အပါးကျေးရွာ ငါးရွာတို့၏ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူ သွားပြီဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment