Friday, April 4, 2014

Grand Royal ရဲ့ သုံးကြိမ်မြောက် အတာသင်္ကြန်ပွဲတော်ကြီးကို နာမည်ကြီး အဆိုတော်များနှင့်အတူ ကျင်းပမည်

 

 

 

သုံးကြိမ်မြောက် Grand Royal ၏ အတာသင်္ကြန်ပွဲတော်ကြီးကို ၀င်ကြေးအခမဲ့ဖြင့် ကန်တော်ကြီး၊ မျှော်စင်ကျွန်း၌ ကြီးကျယ်ခမ်းနားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
"ဒီGrand Royal ကစီစဉ်တဲ့ သင်္ကြန်ပွဲတော်ကြီးမှာ နာမည်ကြီးအဆိုတော်တွေပါဝင်တဲ့ Music Show ပွဲကြီးအပြင် တခြားကြီးကျယ်ခမ်းနားတဲ့ ဖျော်ဖြေမှုအစီအစဉ်တွေလည်းပါမယ်။ ဒီပွဲမှာမန္တလေးက Dream Lover Music Band ကို အဆိုတော် လင်းလင်းက ခေါ်ပေးပါဆိုလို့ ခေါ်ပေးထားတယ်။ Foam ပါတီလည်း ထည့်သွင်းပေးထားပါတယ်။ နေအရမ်းပူတဲ့အတွက် အေးမြတဲ့ခံစားမှုကိုရအောင် ဒီ Fone ပါတီကို စီစဉ်ထားတာပါ။ အော်ဂဲနစ်ဆပ်ပြာကို အသုံးပြုထားတဲ့အတွက် ပါးစပ်ထဲဝင်သွားမှာလည်း စိုးရိမ်စရာမရှိပါဘူး။
 ဂျပန်နိုင်ငံက Pinky Doodle မိန်းကလေးအဆိုတော်အဖွဲ့ကလည်း မြန်မာနိုင်ငံရဲ့ သင်္ကြန်ပွဲတော်ကြီးမှာ လာရောက်ဖျော်ဖြေချင်တဲ့အကြောင်း အဆိုတော်ဖြူဖြူကျော်သိန်းက တစ်ဆင့် ကမ်းလှမ်းလို့ သူတို့ကိုလည်း ဖိတ်ခေါ်ထားပါတယ်ဟု ပွဲစီစဉ်သူ Star Event Production မှ ကိုဂျွန်လွင်က ပြောကြားသည်။
Grand Royal ၏ ကြီးကျယ်ခမ်းနားသည့် Music Show ပွဲကြီးတွင် ဖြူဖြူကျော်သိန်း၊ လင်းလင်း၊ ဆိုတေး၊ ဇွဲပြည့်၊ အလင်းရောင်၊ ၀ိုင်းစုခိုင်သိန်း၊ အိုင်ရင်းဇင်မာမြင့်နှင့်လိမ္မော်သီးတို့ ပါဝင်သီဆိုဖျော်ဖြေသွား မည်ဖြစ်ပြီး Switzerland နိုင်ငံမှ DJ Fred Jungo ၏ Techno Music ၊ Australla နိုင်ငံမှ DJ Shane Ob ၏ Hip Hop Mixes နှင့် နိုင်ငံခြားမှ အကပညာရှင်များ၏ ထူးခြားသည့် အကများနှင့်ဖျော်ဖြေ သွားမည်ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment

back to top