Monday, April 7, 2014

အပြည်ပြည်ဆိုင်ရာ အစားအစာပွဲတော်ကို ပထမဆုံးအကြိမ် ၀င်ရောက်ပြသ ရောင်းချမည့် မြန်မာ့အစားအစာ

ဗီယက်နမ်နိုင်ငံ Hue "ဟျူး"မြို့မှာ ကျင်းပမယ့် International Food Festival 2014   ကို မြန်မာနိုင်ငံ စားသောက်ဆိုင်ရာ လုပ်ငန်းရှင်အသင်းက မြန်မာ့ အစားအသောက်တွေကို သွားရောက် ပြသမယ်လို့ သိရပါတယ်။ ဗီယက်နမ်နိုင်ငံ၊ ယဉ်ကျေးမှု၊ အားကစားနဲ့ ခရီးသွားလုပ်ငန်းဝန်ကြီး ဌာနရဲ့ ကြီးကြပ်မှုဖြင့် ဗီယက်နမ် အမျိုးသားခရီးသွားလုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့အစည်းမှ အပြည်ပြည်ဆိုင်ရာ အစားအစာ ပွဲတော် ကို ဧပရယ်လ(၁၅)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပသွား မယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ စားသောက် ဆိုင်ရာ လုပ်ငန်းရှင်အသင်းက မြန်မာ့ရိုးရာအစား အသောက်တွေကို ကမ္ဘာကသိအောင်ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ အစားအစာပွဲတော်မှာ ပြသရောင်းချဖို့ ရည်ရွယ်ခဲ့တယ်လို့ သိရပါတယ်။

အပြည်ပြည်ဆိုင်ရာအစားအစာပွဲတော်ကို နိုင်ငံပေါင်း(၁၀)နိုင်ငံမှ လာရောက်ပြသရောင်းချမှာ ဖြစ်ပြီး တစ်ရက်ကို လူပေါင်း(၅၀၀)စာ ရောင်းချမယ်လို့ သိရပါတယ်။ ဒီအပြည်ပြည်ဆိုင်ရာ အစားအစာပွဲတော်ဟာ (၈)ကြိမ်မြောက်ရှိခဲ့ပြီး မြန်မာနိုင်ငံကတော့ ပထမဆုံးအကြိမ်ဝင်ရောက် ပြသရောင်းချမယ်လို့ သိရပါတယ်။ ဒီပွဲတော်မှာ ဆီထမင်း၊ ကြက်ကြော်၊ အမဲကြော်၊ ရွှေတောင်ခေါက်ဆွဲ စတဲ့ဗီယက်နမ်လူမျိုးတွေ အကြိုက် များတဲ့ မြန်မာအစားအစာ တွေကို အဓိကထားပြသရောင်းချသွားမှာဖြစ်ပြီး လက်ဖက်၊ ရေနွေးကြမ်း၊ ထန်းလျက် စတဲ့ သရေစာအစားအစာတွေကိုတော့ ကျွေးမွေးဧည့်ခံသွားမယ်လို့ သိရသည်။
 

 

No comments:

Post a Comment

back to top