ကိုရီးယားနိုင်ငံမှာသာ ရရှိနိုင်သေးသည့် LG G Flex အတွက် KitKat update
AT&T Galaxy Note 3
သည် Android 4.4 သို့ မြှင့်တင် အသုံးပြုခွင့် ရရှိခဲ့ကြောင်း နောက်ဆုံး သတင်း
ရရှိခဲ့ပြီးနောက် LG ၏ G Flex အတွက်KitKat update
ထွက်ပေါ်လာပြီး ၊ ယခုအခါ ကိုရီးယား နိုင်ငံတွင်း မှာသာ ရရှိနိုင်သေးကြောင်း သိရသည်။
၎င်း update သည် G Pro 2
တွင် မိတ်ဆက် ပြသခဲ့သော ကုမ္ပဏီ၏ Knock Code feature ပါဝင်လာခဲ့သည်။ အလားတူ
Bluetooth Car-Kit controls ပိုမို ကောင်းမွန်လာခြင်းနှင့် ဖုန်းတစ်ခုလုံး၏
အထွေထွေ စွမ်းဆောင်ရည်အား မြှင့်တင်ပေးမည်ဟု သိရသည်။ ယခုအခါတွင် ကိုရီးယား
ပြည်တွင်းထုတ် G Flex မော်ဒယ် အား ကိုင်ဆောင်ထားရှိခြင်း မရှိသော်လည်း ပူပန်စရာ
မလိုကြောင်းနှင့် မကြာမီ အပြည်ပြည်ဆိုင်ရာ မော်ဒယ်များအတွက် KitKat update
ထွက်ပေါ်လာမည် ရက်မှာ နီးကပ်လာပြီ ဖြစ်ကြောင်း
သိရသည်။
No comments:
Post a Comment