နွေရာသီ အခြေခံသင်တန်းများဆင်းပွဲ တာချီလိတ် ပြည်ခိုင်ဖြိုးပါတီ တွင်ကျင်းပပြုလုပ်ခဲ့ခြင်း
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်
သည့် နွေရာသီ အခြေခံသင်တန်းများ ဆင်းပွဲအခမ်းအနားကို ( ၅-၄-၂၀၁၄) ရက်နေ့၊နံနက်(၀၈း၃၀)အချိန်
တွင် မကာဟိုခမ်းရပ်ကွက် ၊ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားကို အခြေခံ အင်္ဂလိပ်စကားပြောသင်တန်း နည်းပြ ဆရာ ဦးအာငို မှ ဦးဆောင်ပြီး
သင်တန်းသား/သင်တန်းသူလေးများက အဖွင့်သီချင်းဖြင့်စတင်ဖွင့်လှစ်ပေးခဲ့ပါသည်။
ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းသန်းထွန်းလေး မှ သင်
တန်းဆင်းအမှာစကားပြောကြားသွားပါသည်။
ကရာတေးနည်းပြဆရာ ဦးတင်မောင်လတ် မှ လက်တွေ့သရုပ်ပြ ဆောင်ရွက်နေစဉ်
သင်တန်းသူနှစ်ဦးမှ လက်တွေ့သရုပ်ပြ ဆောင်ရွက်နေစဉ်
ဆက်လက်ပြီး ခရိုင်ပါတီကော်မတီဝင် ဦးလွန်းသူ မှ ကရာတေးသင်တန်းဆင်းလက်မှတ်များ၊ ခရိုင်ပါတီ
ကော်မတီဝင် ဦးဘိုစံ မှ အင်္ဂလိပ်စကားပြောသင်တန်း၊ ကွန်ပျူတာသင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြ
ပါသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း မှ သင်တန်းနည်းပြ(၈)ဦးအား ဂုဏ်ပြု
မှတ်တမ်းများပေးအပ်ခြင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုးမှကွန်ပျူတာသင်တန်းအတွက်
တစ်လုံးလျှင် ဘတ်တစ်သောင်းငါးသောင်တန်ဘိုးရှိ ကွန်ပျူတာ ( ၄ ) လုံးလှူ ဒါန်းပေးခဲ့ကြသည့် ပုန်းထွန် ၊
ဆန်ဆိုင်း(က)၊ မယ်ခေါင်၊ ဟောင်လိတ် ရပ်ကွက်ပြည်ခိုင်ဖြိုးအဖွဲ့များ၊သင်တန်းတွင်လိုအပ်သည်များဆောင်
ရွက်ရန် ဘတ်(၇)ထောင်လှူ ဒါန်းပေးသည့် မိုင်းဟဲ(အောက်)အုပ်စု မှ ဦးစောလှမွန်၊ ဖန်မင်ကျေးရွာအုပ်စုမှ
ဦးစိုင်းနွန်း တို့အားလည်းကောင်း၊ ကျပ်(၁)သိန်း(၅)သောင်းတန်ဘိုးရှိ ကရာတေးအသုံးဆောင်ပစ္စည်များကို
လှူ ဒါန်းပေးသည့် ဦးအောင်ဖြိုးပိုင်+ ဒေါ်နန်းနုနု (ရွှေစင်-ရွှေဆိုင်)၊ သင်တန်းဆင်းဆုတံဆိပ်များကို လှူ ဒါန်း
ပေးခဲ့သည့် winner Golf store မှ ဦးဝေယံဦးမိသားစုများကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပါသည်။
အမျိုးသမီးအကြမ်းဖက် ကာကွယ်နည်းကို သင်တန်းသား/သူ များမှ လက်တွေ့သရုပ်ပြစဉ်
အခြေခံ သိုင်းသင်တန်းသားများနှင့် နည်းပြဆရာများအားတွေ့ရစဉ်
ဆက်လက်ပြီး သင်တန်းတွင် ဘက်စုံထူးချွန်ဆုရသော သင်တန်းသား/သူ များကို မြို့နယ်ပါတီအတွင်း
ရေးမှူး ဦးစိုင်းရွှေထွန်း၊ သိုင်းသင်တန်းတွင်ထူးချွန်စွာအောင်မြင်သော အငယ်တန်း၊ အကြီးတန်း (ပ၊ ဒု၊တ)
ဆုများကို မြို့နယ်ပါတီ နာယက ဦးအာဇီး မှလည်းကောင်း၊ အင်္ဂလိပ်စကားပြောသင်တန်းတွင် ထူးချွန်စွာ
အောင်မြင်ခဲ့သည့် (အငယ်တန်း၊ အကြီးတန်း) တွင်( ပ၊ ဒု၊ တ) ဆုများကို ပြည်နယ်ပါတီ အတွင်းရေးမှူးး
ဦးစိုင်းသန်းထွန်းလေး တို့မှ အသီးသီးပေးအပ်ခဲ့ပါသည်။
ဆက်လက်ပြီး သင်တန်းသူလေးများဖြစ်သည့် မအင်ဂျင်းခင်ဇော် နှင့် မကြည်ဖြူ မိုးသိန်း တို့မှ သင်တန်း
တက်ရသည့် အတွေ့အကြုံ ရင်းတွင်းဖြစ်စကားပြောကြားခဲ့ပြီး ၊ သိုင်းနည်းပြဆရာ ဦးတင်မောင်လတ် နှင့်
ဦးဌေးအောင် တို့မှ လက်တွေ့သိုင်းသရုပ်ပြသခြင်း၊ သိုင်းသင်တန်းသား/သူ များမှ လက်တွေ့သိုင်းသရုပ်
ပြသခြင်း နှင့် အမျိုးသမီးအကြမ်းဖက်ကာကွယ်နည်း သိုင်းကစားကွက်များကို လက်တွေ့ပြသခြင်းများပြု
လုပ်ခဲ့ပါသည်။
ဆက်လက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး မှ သိုင်းသင်တန်းနည်းပြဆရာနှစ်ဦး
ဖြစ်သည့် ဦးတင်မောင်လတ်၊ ဦးဌေးအောင် တို့ကို တစ်ဦးလျှင်ဂုဏ်ပြုဆုငွေ ဘတ် ( ၁ )ထောင်စီကိုလည်း
ကောင်း၊ သင်တန်းတွင်ထူးချွန်စွာအောင်မြင်ခဲ့သော သင်တန်းသား/သူ ( ၁၄ ) ဦးကို တစ်ဦးလျှင်ကျပ် ( ၂ )
စီဖြင့် ကျပ်(၂)သိန်း(၈)သောင်းကိုပေးအပ်ခဲ့ပါသည်။
ဆက်လက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း မှ ပြည်ခိုင်ဖြိုးပါတီရုံးတွင်ဖွင့်လှစ်
ခဲ့သော သင်တန်းနည်းပြများ နှင့် မိုးလုံလေလုံအားကစားရုံတွင် ဖွင့်လှစ်နေသည့် ကြက်တောင်သင်တန်း
နည်းပြများအတွက် ကျပ်(၃)သိန်းတန်ဘိုးရှိ (ယာချီကာ)အနွေးအကျီ င်္များ၊ သင်တန်းတစ်လျှောက်တွင်
လိုအပ်သည်များကို တာဝန်ယူဆောင်ရွက်ပေးခဲ့သည့် မြို့နယ်ပါတီရုံးဝန်ထမ်း(၃)ဦးတို့ကိုလက်ဆောင်များ
ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ပါသည်။
ယနေ့ပြုလုပ်သည့် သင်တန်းဆင်းပွဲသို့ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းသန်းထွန်းလေး ၊ အမျိုး
သားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်တင်မေထွန်း နှင့်
ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်အတွင်းရေးမှူးနှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်-ကျေးရွာအုပ်စု
စည်းရုံးရေးမှူးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ သင်တန်းသား/သူ မိဘများနှင့်သင်တန်းသား
များ အင်အား (၁၅၀)ကျော်တက်ရောက်ခဲ့ပြီး နံနက်(၁၀)နာရီတွင် သင်တန်းဆင်းပွဲကို အောင်မြင်စွာရုတ်
သိမ်းခဲ့ကြောင်းသိရှိရပါသည်။
ပြည်ခိုင်ဖြိုးပါတီ နွေရာသီ အခြေခံသင်တန်းဆင်းပွဲ မှတ်တမ်းဓာတ်ပုံများဖြစ်ပါသည်။
No comments:
Post a Comment