Monday, April 7, 2014



အာဖဂန် နစ္စတန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲ ငြိမ်းငြိမ်း ချမ်းချမ်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့

တာလီဘန်များ၏ ခြိမ်းခြောက်မှုများ ရှိနေသော်လည်း အာဖဂန် နစ္စတန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲမှာ ဧပြီ ၅ ရက်တွင် ငြိမ်းငြိမ်းချမ်းချမ်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်းသိရသည်။ ရွေးကောက်ပွဲရလဒ်ကို ဧပြီ ၂၄ ရက် မတိုင်မီအထိ ထုတ်ပြန်ခြင်းပြုမည် မဟုတ်သော်လည်း မဲဆန္ဒရှင်များသည် မဲအရေ အတွက် ရေတွက်ခြင်း မပြုမီအထိ မဲရုံ ၆၄ဝဝ ၏အပြင်ဘက်တွင် တစ်နေ့လုံး နီးပါးစောင့်နေခဲ့ကြသည်။ အာဖဂန်နစ္စတန်နိုင်ငံသည် ပထမဆုံး ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် ကြုံတွေ့ရသလို လအနည်းငယ်ကြာ စစ်ဆေးမှုကြုံ တွေ့ရမည်ဖြစ်ပြီး အာဖဂန်နစ္စတန် ပြည်သူများကလည်း ၂ဝဝ၉ ခုနှစ် ရွေးကောက်ပွဲ ကဲ့သို့ မဲလိမ်လည်မှုကြောင့် မကောင်းသတင်းများ ထပ်မံထွက်ပေါ်လာမည်ကို စိုးရိမ် လျက်ရှိသည်။

ယခုရွေးကောက်ပွဲတွင် ၅ဝ ရာခိုင်နှုန်းထက် ပိုမိုအနိုင်ရရှိသည့် ကိုယ်စားလှယ် လောင်းမရှိပါက ဒုတိယအကျော့ ရွေးကောက်ပွဲကို မေလနှောင်းပိုင်းတွင် ထပ်မံ ကျင်းပရန် စီစဉ်ထားကြောင်း၊ မည်သည့်ကြီးကြီးမားမား အကြမ်းဖက် တိုက်ခိုက်မှုမှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်းနှင့် အချို့သော ပြည်သူများ အနေဖြင့် မဲပြားများ ပြတ်လပ်မှုကြောင့်   မဲပေးခွင့် မရရှိမှုအပေါ် မကျေနပ်မှုများ ဖြစ်ပွားခဲ့ ရသော်လည်း ရွေးကောက်ပွဲမှာ အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top