ပါတီဗဟိုအတွင်းရေးမှူး ပြည်နယ်ပါတီ အဆင့်ဆင့်နှင့် တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး၊ အမျိုးသား လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် သည် ဧပြီလ (၂၈) ရက် နံနက် (၇း၄၅) အချိန်က ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပ သည့် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အဆင့်ဆင့်နှင့် တွေ့ဆုံသည့် အခမ်း အနားသို့ တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော်၊ ဗဟိုအလုပ်အမှုဆောင် (ကယားပြည်နယ်တာဝန်ခံ) ဦးလှသိန်းဆွေ၊ ကယားပြည်နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ ဦးခင်မောင်ဦး၊ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်များ၊ လွှတ်တော် (၃)ရပ် မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်တို့မှ အတွင်းရေး မှူးနှင့် ကော်မတီ ၀င်များ၊ လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုများမှ စည်းရုံးရေးမှူးနှင့် အဖွဲ့ဝင်များ စုစုပေါင်း အင်အား (၁၂၂)ဦး တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးကျော်ဆွေမှ ပြည်နယ်ပါတီ ဖွဲ့စည်း ထားမှု၊ ပါတီဝင်အင်အား စည်းရုံးထားနိုင်မှု၊ ဆက်လက်စည်းရုံး ဆောင်ရွက် မည့်လုပ်ငန်းစဉ်၊ ၂၀၁၅ အောင်နိုင်ရေး လုပ်ငန်းစဉ်၊ နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှု အခြေအနေများကို တင်ပြပါသည်။
ထို့နောက် ပါတီဗဟိုအတွင်းရေးမှူး ဦးခင်အောင်မြင့်က "စည်းရုံးရေးသည် ပါတီ၏ အသက်ဖြစ်၍ စည်းရုံးရေးကို စဉ်ဆတ်မပြတ် ဆောင်ရွက်ရန်ဖြစ် ပါကြောင်း၊ ထိုသို့ စည်းရုံးရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် ရပ်/ကျေး စည်းရုံးရေးမှူးများသည် အရေးကြီးဆုံးဖြစ်၍ စည်းရုံးရေးမှူးများ စွမ်းရည် ထက်မြက်ရန်လိုအပ်ပါကြောင်း၊ ပါတီရေရှည် တည်တံ့ခိုင်မြဲရန် မျိုးဆက်သစ် လူငယ်ကဏ္ဍသည် အရေးကြီးသဖြင့် လူငယ်များကို မွေးမြူလေ့ကျင့်ပေး ရန်ဖြစ်ပါကြောင်း၊ ယခု အချိန်သည် အရေးပေါ် စည်းရုံးရေးကာလဟု သတ် မှတ်ဆောင်ရွက်ကြရန် ပြောကြားလိုပါ ကြောင်း၊ လူမျိုးစွဲ၊ ပါတီစွဲ၊ ဒေသစွဲများ ရှိနိုင်သော်လည်း ပြည်ထောင်စုစိတ်ဓါတ် အပြည့်အ၀ရှိရန် တိုက်တွန်းလို ပါကြောင်း၊ တိုင်းပြည်အန္တရာယ်ဖြစ်မည့် ကိစ္စရပ်မှန်သမျှကို ပြည်သူများနှင့် လက်တွဲ၍ ရင်ဆိုင်ဖြေရှင်းသွားရန် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် ပါတီဝင်များ ညီညွတ် ကြစေလိုကြောင်း၊ ပါတီတွင်းခိုင်မာမှ စည်းရုံးရေးအောင်မြင်မည်။ စည်းရုံးရေးအောင်မြင်မှ ပါတီ အောင်မြင်မည်ဖြစ် ပါကြောင်း၊ ပါတီဝင်အချင်းချင်း ဒီမိုကရေစီဓလေ့၊ ဒီမိုကရေစီယဉ်ကျေးမှု ရှိရှိဖြင့် ပွင့်လင်းမြင်သာမှုရှိကြရန်၊ တာဝန်ယူစိတ်၊ တာဝန်ခံစိတ်များဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်" ဖြင့် ပြောကြားခဲ့သည်။
ယင်းနောက် ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော်က အစိုးရ၊ လွှတ်တော်၊ ပါတီ တို့က နိုင်ငံတော်ဖံွ့ဖြိုးတိုးတက်ရေးအတွက် ဟန်ချက် ညီညီ ဆောင်ရွက်နေမှု အခြေအနေနှင့် ပါတီမှ ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များ၊ ပြည်သူအတွက် အဓိကဆောင်ရွက်ရမည့် နည်းလမ်းများ၊ ၂၀၁၅ အောင်နိုင်ရေးနှင့် မိမိတို့ကော်မတီမှ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ပါတီစစ်တမ်းကောက်ယူရေး၊ ပါတီဝင်တိုင်း ထားရှိရမည့် စိတ်ဓါတ်၊ မွေးမြူရမည့် စိတ်ဓါတ် စသည်များကို အသေး စိတ် ဆွေးနွေးပါသည်။
ယင်းနောက် ဗဟိုအလုပ်အမှုဆောင် (ကယားပြည်နယ်တာဝန်ခံ) ဦးလှသိန်းဆွေက ပါတီဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ ကယားပြည်နယ် ပါတီဥက္ကဌ ဦးခင်မောင်ဦး က ၂၀၁၅ ပါတီအောင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေးပါသည်။
ထို့နောက် အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီ ဥက္ကဌ၊ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာခင်ရွှေက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော ဖားဆောင်းမြို့ ဘုန်းတော်ကြီးကျောင်း လူနေအိမ်များအတွက် သွပ် အချပ်ရေ (၁၅၆၂)ကို လှူဒါန်းရာ ဖားဆောင်းမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသာစိန် မှ လက်ခံရယူခဲ့ပြီးနောက် အခမ်းအနားကို နံနက် (၉း၃၀)အချိန် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
တွေ့ဆုံပွဲအပြီး ပါတီဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့သည် လွိုင်ကော်မြို့နယ်၊ ကုန်းသာတောင်မော့ ဆရာတော် နိုင်ငံတော်သြ၀ါဒစရိယ အဘိဓဇ အဂ္ဂ မဟာ သဒ္ဓမ္မဇောတိက သက်တော်ရှည် အရှင်ဘဒ္ဒန္တဥာဏ ဆရာတော်ကြီး အား ဖူးမြှော်ကန်တော့ကြကြောင်း သိရသည်။
No comments:
Post a Comment