ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေဖြင့် တည်ဆောက်ထားသော
အင်ကြင်းမြိုင် ဆေးပေးခန်းဖွင့်
မြဝတီမြို့နယ် ဖလူးကျေးရွာအုပ်စု အင်ကြင်းမြိုင်ကျေးရွာတွင် ပြည်ထောင်စု လွှတ်တော် ရန်ပုံငွေဖြင့် တည်ဆောက်ထားသော အင်ကြင်းမြိုင် ဆေးပေး ခန်း ဖွင့်ပွဲအား ဧပြီလ (၂၈) ရက် နံနက် (၈း၃၀) အချိန်က ပြုလုပ်ရာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသန်းဦး၊ ဖလူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရန်နောင်စိုးနှင့် ရပ်မိရပ်ဖ ဦးငွေစိုးတို့ ကဆေးပေး ခန်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ကျေးရွာ ရပ်မိရပ်ဖများ၊ ပါတီအဖွဲ့အစည်း များ နှင့် ပြည်ခိုင်ဖြိုး ပါတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
No comments:
Post a Comment