Tuesday, April 29, 2014


ကာကွယ်ရေး ဆိုင်ရာ စစ်လက်နက် ပစ္စည်းများ ပူးတွဲ ထုတ်လုပ်ရေး ဂျပန်နှင့် သြစတြေးလျ သဘောတူ
ဂျပန် ကာကွယ်ရေးဝန်ကြီး အစ်ဆူနိုရီအိုနိုဒီရာနှင့် သြစတြေးလျ ကာကွယ်ရေးဝန်ကြီး ဒေးဗစ်ဂျွန်စတန် တို့ သည် သြစတြေးလျနိုင်ငံ ပါ့သ်မြို့၌ ဧပြီ ၂၈ ရက်တွင် တွေ့ဆုံဆွေးနွေးပြီးကာကွယ်ရေးဆိုင်ရာ စစ်လက် နက်ပစ္စည်းများ ပူးတွဲထုတ်လုပ်ရေး သဘောတူညီ ခဲ့ကြကြောင်းသိရသည်။ ဆွေးနွေးပွဲ တွင် နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာလာစေရေး အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေး မှုများ ပြုလုပ်လို ကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီး အစ်ဆူနိုရီအိုနိုဒီရာက ပြောကြားခဲ့သည်။
ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ကာကွယ်ရေးဆိုင်ရာ စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ရန် ဂျပန်နိုင်ငံနှင့်အတူ လုပ်ကိုင်ဆောင်ရွက် သွားလိုကြောင်းနှင့် ဂျပန်နိုင်ငံ၏ ရေငုပ်သင်္ဘော နည်းပညာအား အလွန်စိတ်ဝင်စားပါကြောင်း သြစတြေးလျ ကာကွယ်ရေး ဝန်ကြီး ဒေးဗစ်ဂျွန်စတန် က ပြန် လည်ပြောကြားခဲ့သည်။ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများ အနေဖြင့် အမေရိကန်ပါဝင်သော သုံးပွင့်ဆိုင် စစ်ရေးလေ့ကျင့်ခန်း များအပြင် သြစတြေးလျ စစ်ဘက်နှင့် ဂျပန် ကာကွယ်ရေး တပ်ဖွဲ့ဝင်များအကြား ပူးတွဲစစ်ရေး လေ့ကျင့်ခန်း များ  ပိုမိုတိုးမြှင့် ဆောင်ရွက် သွားရန်လည်း  ကတိပြု ပြောကြားခဲ့ကြောင်း သိရသည်။


No comments:

Post a Comment

back to top