Monday, April 7, 2014

ပြည်သူ့ပါတီအဖြစ် ရပ်တည်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြား

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းနှင့် ဆရာစံ လမ်းထောင့်၊ အမှတ်(၉၀) ရှိ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ဧပြီလ (၄)ရက်၊ ၁၄၃၀ နာရီအချိန်က ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ရန်ကုန် တိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြင့်ဆွေ နှင့် တိုင်း/ခရိုင်/ မြို့နယ်ပါတီ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်သည်။

ယင်းအစည်းအဝေးသို့ ဗဟိုကော်မတီဝင်များဖြစ်သော ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးတင်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်း၊ ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ နှင့် တိုင်းဒေသကြီး ပါတီကော်မတီ ၀င်များ၊ ခရိုင်လေးခုမှ အတွင်းရေးမှူးများ နှင့် ကော်မတီဝင်များ၊ တောင်ပိုင်းခရိုင် မြို့ နယ်များမှ မြို့နယ်ပါတီ အတွင်းရေးမှူးများနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ စုစုပေါင်း (၅၀) ဦး တက်ရောက်သည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းဒေသကြီး ပါတီ ကော်မတီဝင်များ၊ ခရိုင်အတွင်းရေးမှူးများ၊ မြို့နယ်ပါတီ အတွင်းရေးမှူးများမှ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးလိုအပ်ချက်များနှင့် အခက်အခဲ များကို တင်ပြဆွေးနွေးရာ ရန်ကုန်တိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌမှ ရှင်းလင်းဖြေ ကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အနေဖြင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များနှင့် ပြည်သူများ၏ အခက်အခဲကို တတ်စွမ်းသမျှ ဖြည့်ဆည်းဆောင်ရွက်၍ ပြည်သူနှင့် တစ်သားတည်း ကျသော ပြည်သူ့ပါတီအဖြစ် ရပ်တည်ရေး လုပ်ငန်းများဆောင်ရွက်ကြရန် အစရှိသည်တို့ကို ရှင်းလင်းမှာကြား၍ အစည်းအဝေးကို ရပ်နား ခဲ့ကြောင်း သတင်းရရှိသည်။ 

---------------------------------------

ဦးစိုးမင်းသန်း(တာဝန်ခံ)
ပြည်သူ့ဆက်ဆံရေးဌာန
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ 
ရန်ကုန်တိုင်း

No comments:

Post a Comment

back to top