Wednesday, April 2, 2014

ကမ္ဘာမှာ (၈၀)ရာခိုင်နှုန်း ပိုလီယို ကင်းစင်နေပြီဖြစ်ကြောင်း WHOက ပြောကြားလိုက်တဲ့ သတင်း

April 2, 2014

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရှေ့တောင်အာရှဒေသမှာ ပိုလီယို ကင်းစင်နေပြီ ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ ဒီကြေညာချက်အရ ကမ္ဘာမှာ (၈၀)ရာခိုင်နှုန်း ပိုလီယို ကင်းစင်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အာဖဂန်နစ္စတန်၊ နိုင်ဂျီးရီးယားနဲ့ ပါကစ္စတန်တို့မှာ အခုထိ ဒီရောဂါ ဖြစ်ပွားနေတုန်းပါပဲ။ ပိုလီယိုရောဂါဟာ အသက် (၅)နှစ်အောက် ကလေးတွေမှာ အဓိက ဖြစ်ပွားတတ်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ မသန့်ရှင်းတဲ့ ရေနဲ့ အစားအစာကတဆင့် ကူးစက်တတ်ပြီး အူထဲမှာ ပြန့်ပွားလာပါတယ်။ အဲ့ဒီနောက် အာရုံကြောစနစ်ကို ထိုးဖောက်သွားတဲ့အတွက် လူနာက လေဖြန်းသွားပါတယ်။ အခုဆိုရင် အမေရိက၊ အနောက်ပစိဖိတ်နဲ့ ဥရောပဒေသတို့ပြီးရင် ပိုလီယို ကင်းစင်ဒေသအဖြစ် သတ်မှတ်ခံရတဲ့ နံပါတ် (၄)နေရာမှာ အရှေ့တောင်အာရှ ပါဝင်သွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့် (၂၀၁၈)ခုနှစ်မှာ ကမ္ဘာအနှံ့ ပိုလီယိုကင်းစင်ရေး ရည်မှန်းချက် ပြည့်ဝဖို့ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ဖြတ်ကျော်ရဦးမှာ ဖြစ်တယ်လို့ WHOက ဖွင့်ဟပြောကြောင်း BBCသတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment

back to top