Monday, April 28, 2014


Titanic သင်္ဘောမှ စာတစ်စောင်ကို အမေရိကန် ဒေါ်လာ ၂ဝဝဝဝဝ ဖြင့် လေလံတင် ရောင်းချ
၁၉၁၂ ခုနှစ် ဧပြီ ၁၄  ရက်က နစ်မြုပ်ခဲ့သော Titanic သင်္ဘောကြီး မနစ်မြုပ်မီ အချိန်၌ ရေးသား ခဲ့သော
ခရီးသည် တစ်ဦး၏ နောက်ဆုံး စာတစ်စောင်ကို လေလံပွဲ တစ်ခုတွင် ဧပြီ ၂၆ ရက်က အမေရိကန် ဒေါ်လာ ၂ဝဝယဝဝဝ ဖြင့် ရောင်းချကြောင်း သိရသည်။
အဆိုပါ စာကို အသက်ရှင် ကျန်ရစ်သူများအနက်မှ တစ်ဦးဖြစ်သူ အက်စတာဟာ့တ် အမည်ရှိ အမျိုးသမီးနှင့် ၎င်း၏သမီးဖြစ်သူ ခုနစ်နှစ်အရွယ်ရှိ အီဗာက ရေးသားခဲ့ကြောင်း သိရသည်။ ယခု ရောင်းချ ခဲ့သော စာ၏ ဈေးနှုန်းသည် Titanic သင်္ဘောမှ စာတစ်စောင်အတွက် စံချိန်တစ်ရပ် ဖြစ်လိမ့်မည်ဟု ယူဆကြောင်း Henry Aldridge and Son လေလံကုမ္ပဏီက ပြောကြားခဲ့သည်။ ၎င်းစာတွင် အက်စတာက အအေးဒဏ်များနှင့် ပင်လယ်လှိုင်း မူးခြင်းများ ခံစားခဲ့ပုံများကို ရေးသား ဖော်ပြထားကြောင်း သိရသည်။
အဆိုပါ Titanic သင်္ဘောကြီးသည် ဆောက်သမ်တန်မြို့မှ နယူးယောက်မြို့သို့ မောင်းနှင်နေစဉ် ၁၉၁၂ ခုနှစ် ဧပြီ ၁၄ ရက် ညပိုင်းက နစ်မြုပ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top