ကမ္ဘာယဉ်ကျေးမှု အမွေအနှစ်
စာရင်းထဲမှာ ပါလာတော့မယ့် ဂျပန်နိုင်ငံက ပိုးထည်စက်ရုံ
UNESCO “ယူနက်စကို”ရဲ့
အကြံပေးအဖွဲ့ဝင်တစ်နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံဟာ (၁၉)ရာစု ခေတ်က
ပိုးထည်စက်ရုံတစ်ရုံကို ကမ္ဘာယဉ်ကျေးမှုအမွေအနေနဲ့
သတ်မှတ်ပေးဖို့ အကြံပြုထောက်ခံ ခဲ့တယ်လို့ သိရပါတယ်။ ဂျပန်အစိုးရဟာ
ဂန်မာစီရင်စုဒေသ မှာရှိတဲ့ တိုမီယိုကာ ပိုးထည်စက်ရုံနဲ့ ဒီပိုးထည်နဲ့
ပတ်သက်ဆက်နွယ်မှုရှိတဲ့ နေရာတွေကို ကမ္ဘာယဉ်ကျေးမှု အမွေအနှစ်တွေထဲမှာ
ထည့်သွင်းပေးဖို့ ပြီးခဲ့တဲ့ ဇန်န၀ါရီလက အကြံပြု ထောက်ခံတာ ဖြစ်ပါတယ်။
ဒီပိုးထည်စက်ရုံဟာ
ဂျပန်နိုင်ငံရဲ့ နိုင်ငံပိုင် ပထမဆုံး ပိုးထည်စက်ရုံ အနေနဲ့ (၁၈၇၂)ခုနှစ်မှာ
စတင်တည်ဆောက် ခဲ့တာဖြစ်ပြီး စက်ရုံမှာ အဆင့်မြင့် ပိုးထည်ထုတ်လုပ်ရေး
နည်းပညာတွေနဲ့ ပိုးထည်တွေကို ထုတ်လုပ်ခဲ့ကာ ကမ္ဘာ့ပိုးထည်လုပ်ငန်း တိုးတက်ဖြစ်ထွန်းလာအောင်
တထောင့်တစ်နေရာ ကနေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက
အပြည်ပြည် ဆိုင်ရာ ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကောင်စီရဲ့
အဖွဲ့ဝင်တွေဟာ အဲ့ဒီနေရာကို သွားရောက် စစ်ဆေးခဲ့ပါတယ်။
သူတို့ရဲ့ အကြံပြု
ထောက်ခံချက်ဟာ ယူနက်စကို ကမ္ဘာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီအပေါ်
လွှမ်းမိုးအကျိုး သက်ရောက်နိုင်ဖွယ်ရှိပြီး အခုဇွန်လမှာ ကာတာနိုင်ငံမှာ ကျင်းပမယ့်
အစည်းအဝေးပွဲမှာ ဒီကိစ္စနဲ့ ပတ်သက်လို့ ကော်မတီအဖွဲ့ဝင်တွေ အတည်ပြု
ထောက်ခံနိုင်ဖို့လည်း လေ့လာဆန်းစစ်သူတွေက မျှော်မှန်းနေတယ်လို့ သိရပါတယ်။
No comments:
Post a Comment