Monday, April 7, 2014



အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တိုးမြှင့်လုပ်ဆောင်မည့် အမေရိကန် နိုင်ငံ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး " ဂျွန်ကယ်ရီ " က အစ္စရေးနဲ့ ပါလက်စတိုင်းနှစ်နိုင်ငံဟာ ငြိမ်းချမ်းရေးကို တိုးမြှင့်လုပ်ဆောင်လိုပါက အမေရိကန်နိုင်ငံကငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ဖို့ အသင့်ရှိနေ တယ်လို့ ပြောကြားထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး" ဂျွန်ကယ်ရီ " က အစ္စရေးနဲ့ ပါလက်စတိုင်းငြိမ်းချမ်းရေး ဆွေးနွေးရေးအတွက် အမေရိကန်နိုင်ငံက အသင့်ရှိနေတယ်ဆိုတဲ့ စကားကို မော်ရိုကိုအလည်အပတ် ရောက်စဉ် သောကြာနေ့က ပြောကြားထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက် အမေရိကန်နိုင်ငံက အချိန်ပေးဆောင်ရွက်ပေးနိုင် တယ်ဆိုတာကလည်း အချိန်ကန့်သတ် ချက်ရှိတယ်လို့ ပြောကြားထားပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အချိန်မဆွဲ သင့်ဘူးလို့လည်း ကယ်ရီက တိုက်တွန်းထားပါတယ်။ အမေရိကန်နိုင်ငံဟာ ဒီလိုကြားဝင်စေ့စပ် ပေးနေပေမယ့် ဆွေးနွေးပွဲတွေက ခဏအတွင်းပျက်စီးနေတယ် လို့ အစ္စရေး-ပါလက်စတိုင်းအရေး လေ့လာသုံးသပ်သူတွေက ဝေဖန်ထားပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် တုန်းကလည်း အစ်္စရေးဟာ အစောပိုင်းက သဘောတူထားတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေ ကို ပြန်လွှတ်ပေးရမှာကို ရွှေ့ဆိုင်းခဲ့ပါတယ်။

ပါလက်စတိုင်းတွေကတော့ ဒီအချက်ကို နိုင်ငံတကာ ညီလာခံတွေ တင်ပြသွားဖို့ ကြိုးစားနေတာကြောင့် ဒါဟာ ရင့်ကျက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ခန့်မှန်းထားပါ တယ်။ နိုင်ငံတကာ ညီလာခံတွေမှာ အခုလိုတင်ပြတာဟာ နောက်အနာဂတ်မှာ အစ္စရေးနိုင်ငံကို စစ်ရာဇ၀တ်မှုကျူးလွန်တယ်ဆိုပြီး တရားစွဲလို့ ရနိုင်တယ်လို့လည်း သိရပါတယ်။ ပါလက်စတိုင်းတို့ရဲ့ ဒီလိုလုပ်ရပ်ကြောင့် အစ္စရေးအစိုးရဟာ ပါလက်စတိုင်း နိုင်ငံသားတွေကို နောက်ထပ်ဖမ်းဆီးမှုတွေ လုပ်ထားနိုင်တယ်လို့လည်း သိရပါတယ်။ အစ်္စရေး-ပါလက်စတိုင်းနှစ်နိုင်ငံ တို့ရဲ့ ဒီလိုထိပ်တိုက်တွေ့ ဆုံနေမှုကြောင့် နှစ်နိုင်ငံငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ ဒီလကုန်ပိုင်းမှာ ပျက်ပြားနိုင်မယ့် အခြေအနေ မျိုး ရောက်သွားနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ခန့်မှန်း ထားပါသည်။


No comments:

Post a Comment

back to top