ပျောက်ဆုံး မလေးရှား
လေယာဉ်အား နေရာပြောင်းလဲ ရှာဖွေသွား မည်ဟု တိုနီအက်ဘော့သ် ပြောကြား
အိန္ဒိယသမုဒ္ဒရာ ရေအောက်
ကြမ်းပြင်အောက်တွင် MH-370 လေယာဉ်၏ အပျက်အစီး တစ်စုံတစ်ရာကို ရှာဖွေ
တွေ့ရှိနိုင်မည့်အလားအလာမရှိသောကြောင့် နေရာသစ်
တစ်ခုတွင် ပြောင်းလဲရှာဖွေသွား မည်ဖြစ်ပြီး ယင်းလေယာဉ်ပျက် ရှာဖွေမှု အစီအစဉ် သည်
နှစ်နှင့်ချီကြာမြင့်နိုင်ဖွယ်ရှိကြောင်း သြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့သ်က
ဧပြီ ၂၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
MH-370 လေယာဉ်ရှာဖွေမှုသည် သမိုင်း
တစ်လျှောက်တွင် အခက်ခဲဆုံးသော ရှာဖွေ မှု တစ်ရပ် ဖြစ်နိုင်ဖွယ် ရှိကြောင်း၊
၎င်းလေယာဉ်သည် အိန္ဒိယသမုဒ္ဒရာ တောင်ဘက်ပိုင်းသို့ ထိုးဆင်း သွားနိုင် ဖွယ် ရှိသည်ဟု
ယူဆရကြောင်း၊ ထို့ကြောင့် ယခုတစ်ကြိမ် ထပ်မံပြုလုပ်မည့် ရှာဖွေရေး
အစီအစဉ်ကို လည်း ပင်လယ်သမုဒ္ဒရာ ရေအောက်၌ပင် အဓိကထား ရှာဖွေ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း
မစ္စတာ အက်ဘော့သ်က ဆက်လက် ပြောကြားခဲ့သည်။
ယခုတစ်ဖန် ထပ်မံပြုလုပ်မည့်
ရှာဖွေရေး အစီအစဉ်တွင် ပင်လယ်ရေအောက် ဧရိယာ ၄ဝဝ စတုရန်း ကီလိုမီတာ နီးပါးထိ
တိုးချဲ့ ရှာဖွေ သွားမည် ဖြစ်ကြောင်း ထို့ကြောင့် ရှာဖွေမှုများကို
ယခုလက်ရှိနေရာမှ အခြားတစ်နေရာသို့ ပြောင်းရွှေ့ လုပ်ဆောင်ခဲ့ကြောင်း
အက်ဘော့သ် က ပြောကြားခဲ့သည်။
မလေးရှား ပျောက်ဆုံးလေယာဉ်
ရှာဖွေမှုနှင့် စပ်လျဉ်းသည့် ကနေဦး အစီရင်ခံစာ တစ်စောင် ထုတ်ပြန်မှုကို
ကမ္ဘာတစ်ဝန်းက စောင့်မျှော်နေသောကြောင့် ရှာဖွေရေး လုပ်ငန်းစဉ်များကို
ထပ်မံတိုးမြှင့် ခဲ့ခြင်း ဖြစ်ကြောင်း အက်ဘော့သ်က ပြောကြားခဲ့သည်။
အဆိုပါရှာဖွေမှုတွင်
ကဲ့သို့ မောင်းသူမဲ့ရေယာဉ်များအပါအဝင် နည်း ပညာသစ်များ အသုံးပြု၍ ရှာဖွေသွား မည်
ဖြစ်သည်ဟု သိရသည်။
No comments:
Post a Comment