Tuesday, April 29, 2014


အိုဘားမားနှင့် ဖိလစ်ပိုင် သမ္မတ အကွီနိုတို့ တွေ့ဆုံ ဆွေးနွေး၊ ပိုင်နက် အငြင်းပွားမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် သဘောတူ

အမေရိကန် သမ္မတ ဘားရက်အိုဘားမားသည် ၎င်း၏ နှစ်ရက်ကြာ အလည်အပတ် ခရီးစဉ် အဖြစ် ဖိလစ်ပိုင် နိုင်ငံသို့ ဧပြီ ၂၈ ရက်  မွန်းလွဲပိုင်းတွင်  ရောက်ရှိ သွားခဲ့သည်ဟု သိရသည်။ယင်းနောက်တွင်   အိုဘားမားသည် ရဟတ်ယာဉ် တစ်စင်းဖြင့် ဖိလစ်ပိုင် သမ္မတ နန်းတော်သို့ ထွက်ခွာ သွားခဲ့သည်ဟု သိရသည်။


ထို့နောက် အိုဘားမားသည် ဖိလစ်ပိုင် သမ္မတ ဘီနင်နိုအကွီနိုနှင့် အတူ ဆွေးနွေးပွဲ တစ်ရပ်ကို ပြုလုပ် ခဲ့ပြီး ဒေသတွင်း လုံခြုံရေး၊ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေး စသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြသည်။
ထိုသို့ဆွေးနွေးရာတွင် ဒေသတွင်း ဖြစ်ပွားနေသည့် ပိုင်နက် အငြင်းပွားမှုကို သံတမန် နည်းလမ်းအရ   ငြိမ်းချမ်းစွာ ဖြေရှင်းရန် ခေါင်းဆောင်နှစ်ဦးက သဘော တူညီခဲ့ကြကြောင်း သိရသည်။
ဖိလစ်ပိုင် နိုင်ငံသည် အိုဘားမား၏ လေးနိုင်ငံ အာရှခရီးစဉ်တွင် နောက်ဆုံး ခရီးစဉ်ဖြစ်ပြီး အိုဘားမားသည် ယင်းနိုင်ငံသို့ မလည်ပတ်ခင်တွင် ဂျပန်၊ တောင်ကိုရီးယားနှင့် မလေးရှား နိုင်ငံတို့သို့ သွားရောက် လည်ပတ် ခဲ့သည်ဟု သိရသည်။


No comments:

Post a Comment

back to top