Tuesday, April 29, 2014


Akash မြေပြင်မှ ဝေဟင်ပစ် ပဲ့ထိန်း ဒုံးကျည် အိန္ဒိယ လေတပ် စမ်းသပ် ပစ်လွှတ်

အိန္ဒိယလေတပ်သည် ပြည်တွင်း၌အဆင့်မြှင့်တင် ထုတ်လုပ်ခဲ့သည့် Akash အမျိုးအစား မြေပြ င်မှဝေဟင်ပစ် ပဲ့ထိန်းဒုံးကျည် အသုံးပြု စမ်းသပ်စစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ်ဧပြီ ၂၆ ရက်တွင် သြရိဿပြည်နယ်  Balasore ခရိုင်ရှိ Chandipar စက်ပစ်ကွင်းမှ ၎င်းဒုံးကျည်နှစ်စင်းကို စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း သိရသည်။ Akash ပဲ့ထိန်းဒုံးကျည်များကို ပူးပေါင်း စက်ပစ်ကွင်းရှိ ပစ်လွှတ်စင်အမှတ် ၃ မှ  ဧပြီ ၂၆ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်နှင့် မွန်းတည့် ၁၂ နာရီခန့်တွင် နှစ်ကြိမ်ဆက်တိုက် ပစ်လွှတ်ခဲ့ပြီး စမ်းသပ်ပစ်ခတ်ခဲ့ သည့် ဒုံးကျည်နှစ်စင်းစလုံး အပြည့်အဝ အောင်မြင်ခဲ့ကြောင်း စမ်းသပ်ပစ်လွှတ်ရေးအဖွဲ့ ညွှန်ကြားရေးမှူး M K V Prasad က ပြောကြားခဲ့သည်။

၎င်းစမ်းသပ်ပစ်လွှတ်မှုတွင်  ပဲ့ထိန်းဒုံးကျည် အသီးသီးသည် စမ်းသပ်မှုတွင် အသုံးပြုသည့် Lakshya  မောင်း သူမဲ့လေယာဉ်၏ ကိုယ်ထည်ကို ထိမှန်ခဲ့ကြောင်း သိရသည်။ Akash  မြေပြင်မှ ဝေဟင်ပစ် တာလတ်ပစ် လေကြောင်းရန်ကာကွယ်ရေး ပဲ့ထိန်းဒုံးကျည် စနစ်သည် ပဲ့ထိန်းဒုံးကျည်များ ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ကာကွယ်ရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့ (DRDO) မှထုတ်လုပ် ခဲ့ခြင်းဖြစ်ပြီး ၎င်းဒုံးကျည် စမ်းသပ်မှုကို အဆိုပါ အခြေစိုက်စခန်းမှပင် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့ ကလည်း   ပစ်လွှတ် စမ်းသပ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top