Tuesday, April 29, 2014


လျောင်နင် အတန်း အစား လေယာဉ်တင် သင်္ဘော သုံးစင်း PLA တည်ဆောက်မည်
တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်(PLA) ရေတပ်သည် အာရှပစိဖိတ် ဒေသတွင်း ပဋိပက္ခ ဖြစ်ပွား မှုများ အရှိန်အဟုန် မြင့်တက်လာခြင်းကို ပြင်ဆင်သည့် အနေဖြင့် လျောင်နင် အတန်းအစား လေယာဉ်တင် သင်္ဘောသုံးစင်း တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။ တရုတ်နှင့် ဂျပန် နှစ်နိုင်ငံအကြား ပိုင်နက် နယ်မြေ အငြင်းပွားမှုတွင် PLA ရေတပ် အတွက် လျောင်နင် သင်္ဘောကဲ့သို့ အပေါ့စား လေယာဉ်တင် သင်္ဘောသည် အရေးပါလာပြီး ဂျပန်ပင်လယ်ရေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ အတွက်မူ အစ်ဇူမို အတန်း အစား လေယာဉ်တင် သင်္ဘောသည် အရေးပါလာခဲ့သည်။
သို့သော် တရုတ်နှင့် ဂျပန်နိုင်ငံတို့ အနေဖြင့် အရှေ့တရုတ် ပင်လယ်ကဲ့သို့  ကျဉ်းမြောင်းသော တိုက်ပွဲ နယ်မြေအတွင်း တစ်ဖက်နှင့်တစ်ဖက် တုံ့ပြန်ရန် လေယာဉ်တင် သင်္ဘောများ တပ်ဖြန့် ချထားနိုင် ဖွယ် မရှိကြောင်း သိရသည်။

No comments:

Post a Comment

back to top