ဆော်ဒီတွင် MERS ဗိုင်း/ပ်စ်ကြောင့် ငါးဦးသေဆုံး
ဆော်ဒီနိုင်ငံတွင် MERS ဗိုင်းရပ်စ်ကြောင့်
လူငါးဦးသေဆုံးခဲ့သည်ဟု ဆော်ဒီကျန်းမာရေး ၀န်ကြီးဌာနမှ
အတည်ပြုချက်ထုတ်ပြန်လိုက်ကြောင်း ဘီဘီစီသတင်းဌာနက ယနေ့ဖော်ပြသည်။လွန်ခဲ့သည့် တစ်နှစ် ခွဲကျော်က
ဆော်ဒီနိုင်ငံတွင် စတင်တွေ့ရှိခဲ့သော MERS ဗိုင်းရပ်စ်သည် အပြင်း ဖျားခြင်း၊
အအေးမိရောဂါ အသွင်မျိုးခံစားရခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းများ ဖြစ်ပေါ်စေပြီး
အသက်ဆုံးရှုံးစေခြင်းဖြစ်သည်ဟု သိရသည်။
ယခုသေဆုံးသူငါးဦးအပါအ၀င် ဆော်ဒီနိုင်ငံတွင်
MERS ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၂ ဦးအထိ ရှိသွားခဲ့ပြီးေ ရာဂါကူးစက်ခံရသူ ၃၁၃
ဦးရှိခဲ့သည် ဟု ဆော်ဒီ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားသည်။
No comments:
Post a Comment