ကူးတို့သင်္ဘောနစ်မြုပ်မှုအတွက် တောင်ကိုရီးယားဝန်ကြီးချုပ် ရာထူး မှနုတ်ထွက်
တောင်ကိုရီးယားဝန်ကြီးချုပ်
ချန်ယောင်ဝန်သည် လူပေါင်း ၁၈၇ ဦးသေဆုံးခဲ့ရသော ကူးတို့သင်္ဘော နစ်မြုပ်မှုအတွက်
တာဝန်ယူသည့်အနေဖြင့် ရာထူးမှ နုတ်ထွက်သွားခဲ့သည်ဟု ဘီဘီစီသတင်းဌာနက ယနေ့ ဖော်ပြသည်။
ယခုလ ၁၆ ရက်က လူပေါင်း ၄၇၆ ဦးလိုက်ပါသွားခဲ့သော
ကူးတို့တို့ သင်္ဘော နစ်မြုပ်မှု တွင် တောင်ကိုရီး ယားအစိုးရ အဖွဲ့ကရှာဖွေရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ထိထိရောက်ရောက် ဆောင် ရွက်ခြင်းမရှိဟု
ဝေဖန်မှုများထွက်ပေါ်ခဲ့သည့်အပြင် သင်္ဘောနစ်မြုပ်မှုတွင် ပါဝင်ခဲ့သူများ၏ မိသားစု ၀င်များက
အစိုးရ၏ လုပ်ဆောင်များအပေါ် ဖြေရှင်းမှုပြုလုပ်ရန် တောင်းဆိုလာ၍ ချန်ဟောင်ဝန်
ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ် သည်ဟု သိရသည်။
No comments:
Post a Comment