Monday, April 28, 2014


ဆီးရီးယားသမ္မတ ရွေးကောက်ပွဲတွင် အမျိုးသမီး တစ်ဦး ပါဝင် ယှဉ်ပြိုင်မည်
ဆီးရီးယား နိုင်ငံမှ အမျိုးသမီး တစ်ဦးသည် ဇွန် ၃ ရက်တွင် ကျင်းပမည့်နိုင်ငံ၏ သမ္မတ ရွေးကောက်ပွဲတွင် ပထမဆုံးသော အမျိုးသမီး ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ဧပြီ ၂၆ ရက် တွင် ပြောကြားခဲ့သည်။ လာတာကီယာ ကမ်းရိုးတန်းမြို့မှ အင်ဂျင်နီယာ တစ်ဦးဖြစ် သည့် စောဆန်ဟာ ဒဒ်သည် သမ္မတ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အတွက် ဧပြီ ၂၆ ရက်က သူမ၏ လျှောက်လွှာများကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးချုပ်သို့ တင်သွင်းခဲ့ကြောင်း သိရသည်။
အသက် ၅၁ နှစ်အရွယ်ရှိ စောဆန်သည် အာဘာ့တ် အာဏာရပါတီတွင် လွန်ခဲ့သောနှစ်ထိ တိုင်အောင် အဖွဲ့ဝင် တစ်ဦးအဖြစ် လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် မခိုင်လုံသော အကြောင်းပြချက်ဖြင့် ပါတီမှ နုတ် ထွက်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top