တူရကီနှင့်
ကုန်သွယ်ရေးတိုးတက်စေရေးမျှော်မှန်းကာ နယူးဇီလန် ဗီဇာသစ်ထုတ်ပေး
နယူးဇီလန်နိုင်ငံသို့
တူရကီစီးပွားရေးသမားများနှင့် သမံတမန်များလာရောက်ရာတွင် အဆင်ပြေချောမွေ့စေ ရန်အတွက်
သုံးနှစ်သက်တမ်းရှိ ဘက်စုံဗီဇာအသစ်ကို ထုတ်ပေးမည်ဖြစ်ကြောင်း
လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာန၀န်ကြီး ၀ုဒ်ဟောက်စ်က ကြာသပတေးနေ့က
ကြေညာချက်ထုတ်ပြန်ခဲ့သည်။
၎င်းကြေညာချက်ကို လာမည့်နှစ်တွင်
ကျင်းပမည့် ပထမကမ္ဘာစစ်အတွင်းက သြစတြေးလျနှင့် နယူးဇီလန်တပ်မကြီး (ANZACs) ၏
ဂါလီပိုလီ ရာပြည့် အထမ်းအမှန်ပွဲအတွက် ဆွေးနွေးမှုများပြုလုပ်ရန် တူရီနိုင်ငံသို့
အလည်အပတ်ရောက်ရှိနေစဉ် ၎င်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံအစိုးရအနေဖြင့်
ဂါလီပိုလီ ရာပြည့်ပွဲ အထိမ်းအမှတ်ပွဲပြီး သည့်နောက်တွင်လည်း နှစ်နိုင်ငံ ဆက်ဆံရေး
အခိုင်အမာတည်ဆောက်ရန် ဆွေးနွေးမှုများပြုလုပ်မည်ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်ကို
အဆိုပါဝန်ကြီးရုံးက ဖော်ပြခဲ့သည်။
တူရကီနိုင်ငံသည် နယူးဇီလန်နိုင်ငံ၏
၄၄ နိုင်ငံမြောက် ကုန်သွယ်ရေးစီးပွားဖက်နိုင်ငံဖြစ်ပြီး နှစ်ဦးနှစ်ဖက် ကုန်သွယ်မှုတန်ဖိုးမှာ
နယူးဇီလန်ဒေါ်လာ ၂၀၉ သန်း (အမေရိကန်ဒေါ်လာ ၁၇၉ ဒသမ ၈၅ သန်း) ခန့်ရှိသည်။
သုံးနှစ်ကြာ ဘက်စုံဗီဇာပြုလုပ်ခြင်းဖြင့်
နယူးဇီလန်သို့ လာရောက်သော စီးပွားရေးလုပ်ငန်းရှင်များနှင့် သံတမန်များအတွက်
သွားရေးလာရေး လွယ်ကူချောမွေ့စေသည့်အပြင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး လည်း
ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။
No comments:
Post a Comment