ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးသူရိန်ဇော် ဘားအံမြို့ ဒေါဖျောကျေးရွာ ပါတီဆိုင်းဘုတ်တင်ပွဲ တက်ရောက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် (ကရင်ပြည်နယ် တာဝန်ခံ) ဦးသူရိန်ဇော် သည် ဧပြီလ ၁၂ ရက်နေ့က ဘားအံမြို့ နယ်၊ ဒေါဖျောကျေးရွာ၊ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲသို့ တက်ရောက်၍ ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။
ထို့နောက် ဒေါဖျောကျေးရွာ ခေမာဝံသကျောင်းတိုက် ဆရာတော်၊ ဘန္ဒန္တ ပညာဆရာတော်အား အလှူငွေဆက်ကပ်လှူဒါန်း၍ ကျေးရွာဖွံ့ဖြိုးရေးကိစ္စများ ကို လျှောက်ထားရာ ဆရာတော်က ကျေးရွာလမ်းအား လက်ရှိအခြေ အနေ ကောင်းမွန်စေရေး မိန့်ကြားခဲ့သည်။
ယင်းနောက် လွှတ်တော် ဒေသရန်ပုံငွေဖြင့် ပေးအပ်ခဲ့သော ဒေါဖျောမူလွန်ကျောင်းအား သွားရောက်ကြည့်ရှုပြီး “အ” သုံးလုံးသင်တန်းအတွက် ဆရာ၊ ဆရာမ (၄) ဦး၊ လုပ်အားပေး တက္ကသိုလ် ကျောင်းသားကျောင်းသူ (၄) ဦးတို့အား ငွေကျပ် (၅) သောင်းစီ ပေးအပ်ခဲ့ကြောင်း သိရသည်။

No comments:
Post a Comment