Friday, April 25, 2014


အိန္ဒိယနိုင်ငံ၏ ဆန္ဒမဲပေးမှု အရေးကြီးအဆင့်သို့ ရောက်ရှိလာ

အိန္ဒိယနိုင်ငံ၏ လက်ရှိအာဏာရပါတီဖြစ်သော ကွန်ဂရက်ပါတီနှင့် အဓိက အတိုက်အခံပါတီ ဘီဂျေပါတီသို့ အကြိတ်အနယ်ယှဉ်ပြိုင်နေဆဲဖြစ်သော အိန္ဒိယနိုင်ငံ အထွေထွေရွေးကောက်ပွဲသည် ဆဋ္ဌမအကျော့ သို့ ရောက်ရှိခဲ့ကာ ပြည်သူများဆန္ဒမဲပေးလျက်ရှိသည်ဟု သိရသည်။

မဲပေးပွဲအဆင့်ကို ကိုးဆင့်အထိ သတ်မှတ်လျာထားပြီး ပြီးခဲ့သည့် ဧပြီ ၇ ရက်က စတင်ခဲ့သော ဆန္ဒမဲပေးပွဲသည် မေ ၁၂ ရက်တွင် အဆုံးသတ်မည်ဖြစ်သည်။ မဲရလဒ်များကိုမူ မေ ၁၆ ရက် တွင် ကြေညာပေးမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ ပြည်သူ သန်း ၈၀၀ ကျော်တို့ ဆန္ဒမဲပေးလျက်ရှိသည့် အထွေထွေရွေးကောက်ပွဲတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ပါလီမန်လုံခြုံရေးများ ဦးရေထောင်ချီကာ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးအတွက် မဲရုံများတွင် လုံခြုံရေးနေရာချထားပေးလျက်ရှိသည်။

 

No comments:

Post a Comment

back to top