Wednesday, April 2, 2014



အာဖဂန်တွင် လက်ဖြောင့် သေနတ် သမား တစ်ဦး ပစ်ခတ်လိုက်သည့် ကျည်တစ်တောင့်ဖြင့် စစ်သွေးကြွ ခြောက်ဦး သေဆုံး

အာဖဂန်နစ္စတန် နိုင်ငံတွင် အသေခံဗုံးခွဲ တိုက်ခိုက်မှု တစ်ခုအတွင်း ဗြိတိသျှစစ်တပ်မှ အသက် ၂ဝ အရွယ် လက်ဖြောင့် သေနတ်သမားတစ်ဦးသည် ကျည်တစ်တောင့်တည်းနှင့် တာလီဘန်စစ် သွေးကြွ ခြောက်ဦးကို တစ်ပြိုင်တည်း သတ်ဖြတ်နိုင်ခဲ့ကြောင်းDailyTelegraph သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ အာဖဂန် နစ္စတန်နိုင်ငံ တောင်ပိုင်း ကာကာရန်မြို့ရှိ Cold Stream အစောင့်တပ်ဖွဲ့မှ ဒုတိယတပ်ကြပ် အဆင့်ရှိ အဆိုပါလက်ဖြောင့် သေနတ်သမားသည် တာလီဘန် စစ်သွေးကြွတစ်ဦးအား မီတာ ၈၅ဝ အကွာအဝေးမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ပစ်ခတ်မှုကြောင့် စစ်သွေးကြ၏ ကိုယ်ခန္ဓာပေါ်တွင် လျှို့ဝှက်တပ်ဆင်ထား သော ဖောက်ခွဲရေး ပစ္စည်းများကို ထိမှန်ခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး အခြား စစ်သွေးကြွ ငါးဦးပါ သေဆုံးခဲ့ ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုသည် ဒီဇင်ဘာလတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် ဗြိတိန်နှင့် အာဖဂန်မှ တပ်ဖွဲ့ဝင်များသည် တာလီဘန် စစ်သွေးကြွ ၁၅ ဦးမှ ၂ဝ ဦးအထိ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Cold Stream အစောင့်တပ်ဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး ရစ်ချက်ဒ်ဆလက်က ပြောကြားခဲ့သည်။ မကြာသေးမီ ကဖြစ်ပွားခဲ့သော ဒုတိယအကြိမ် အသေခံဗုံးခွဲ တိုက်ခိုက်မှု တစ်ခုတွင်လည်း အဆိုပါ လက်ဖြောင့်သေနတ် သမားသည် စက်သေနတ် ကိုင်ဆောင်ထားသည့်  တာလီဘန် စစ်သွေးကြွတစ်ဦးကို မီတာ ၁၃၄ဝ အကွာ အဝေးမှနေ၍ ပစ်ခတ် သတ်ဖြတ် နိုင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top