ခုနစ်ရက်သားသမီးတို့အတွက် မြန်မာပို့စ်ဗေဒင်
(၂-၄-၂၀၁၄ မှ ၈-၄-၂၀၁၄ အထိ)
တနင်္ဂနွေ
အကုန်အကျများမည်။
ပျက်စီးယိုယွင်းမှုများရှိမည်။ အဆုံးသတ်ခါနီးမှ သူတစ်ပါးသို့ လွှဲအပ်ဆောင် ရွက်သောအခါ
တစ်ပါးသူက ပေါ့ပေါ့တန်တန် လုပ်ကိုင်၍ ဆောင်ရွက်ထားသမျှ သဲထဲရေသွန်ဖြစ် မည်။မတော်တဆထိခိုက်မှုများ
ဂရုစိုက်ရမည်။ ခရီးသွားရန်ကိစ္စများ နေ့ရက်ပြောင်းပြီးမှ အဆင်ပြေမည်။ မိဘအကြီးအကဲ
ကျန်းမာရေးချူချာမည်။ ယတြာ-လိပ်များရေကူးနေပုံပန်းချီ သို့မဟုတ်
ဓာတ်ပုံဝန်းကျင် တွင်ထားပါ။
တနင်္လာ
ပြောင်းလဲသော အခြေအနေများကို
အသုံးချ၍ အဆင့်မြင့်အောင်မြင်မှုကို ဖန်တီးနိုင်မည်။ ကိုယ်ပိုင် ဆုံးဖြတ်ချက်နှင့်
ဆောင်ရွက်သည့်ကိစ္စများမှ အကျိုးဆက်ကောင်းကိုရရှိမည်။ ပိုင်ဆိုင်မှုအတွက်
စကားပြောဆိုရခြင်းများ အောင်မြင်မည်။ ပြဿနာဖြစ်၍ ပြောင်းရွှေ့သွားသော နေရာ၌
အစားဝင်ရောက် ရှိလာသောသူသည် လွန်စွာဇီဇာကြောင်၍ အသေးအဖွဲ့မှအစ အပြစ်မြင်တတ်ပေရာ
အလွန်စိတ်ရှုပ်ရမည်။
ယတြာ-အစိမ်းရောင်နံပါတ်
ဂဏန်းပါသော နာရီဝယ်ယူ၍ဆောင်ပါ။
အင်္ဂါ
ရန်ပြဿနာများ၊
အငြင်းအခုန်များ၊ အနှောင့်အယှက် အခက်အခဲများနှင့် ရင်ဆိုင်ပြီးမှ
အလိုရှိရာပြည့်စုံမည်။ စီစဉ်ပြီးလုပ်သောကိစ္စမှန်သမျှ အလွဲလွဲအချော်ချော်ဖြစ်မည်။
မတော်တဆထိခိုက်မှုနှင့် သွေးထွက် သံယိုဖြစ်ရပ်များ လွှမ်းမိုးနေသော ကာလဖြစ်သည်။
ကိုယ်ပိုင်အတွေးအခေါ်နှင့် လုပ်ကိုင်မှုများ ထွန်းပေါက် ထွန်းပေါက်အဆင်ပြေမည်။
လုပ်ကိုင်နေဆဲလုပ်ငန်းအချို့ ဆိုင်းငံ့ရပ်တန့်ထားရမည်။
ယတြာ-မောင်နှမဟုပြီးရိုက်ထားသော
ဓာတ်ပုံအနက်ရောင်ဘောင်ဖြင့်ထည့်၍ အမြင့်တွင်တင်ပါ။
ဗုဒ္ဓဟူး
ပြောင်းလဲလာသော
အခြေအနေတို့ကို မျက်ခြည်မပြတ်ပါနှင့်။ ခေါင်းမာစွာဆက်လက်ရပ်တည်နေခြင်းထက်
အများစုရွေ့လျားရာလမ်းကြောင်းပေါ်သို့ ကူးပြောင်းကာ အရိပ်အခြေကြည့်လုပ်ပါ။
တစ်ဦးတည်းကျန်နေ ခဲ့ခြင်းနှင့် နောက်ကျမကျန်ခဲ့စေရန်လည်း ကြိုးစားပါ။
လုပ်ရိုးလုပ်စဉ်မဟုတ်သောကိစ္စများကို ဆက်လက် လုပ်ကိုင်နေရမည်။ လူမျိုးကွဲနှင့်
တိုက်ရိုက်ဆက်စပ်သော လုပ်ငန်းများ အကျိုးပေးမည်။
ရာဟု
အယူအဆသဘောထား
ဆန့်ကျင်သူများနှင့် ပူးပေါင်းလုပ်ကိုင်ရခြင်းရှိမည်။ အပြောင်းအလဲကိစ္စများကို
စနစ်တကျဆောင်ရွက်နိုင်မည်။ ရပိုင်ခွင့်များကို ပြန်လည်ရရှိမည်။
မရောက်ဖူးသောအရပ်ဒေသများသို့ သွားရောက်ရကိန်းရှိမည်။ အရပ်ဝေးနိုင်ငံခြားနှင့်
တိုက်ရိုက်ဆက်ဆံသောကိစ္စများတွင် ပါဝင်ပတ်သက်၍ အကျိုးကျေးဇူးရရှိမည်။ ချစ်သူနှင့်
စကားများရမည်။ အိမ်တွင်းရေး ပဋိပက္ခများရှိမည်။
ယတြာ-နေအိမ်တံခါးဝ၏
အတွင်းဘက်လက်ကိုင်တွင် ပန်းရောင်ဖဲကြိုးချည်ပါ။
ကြာသပတေး
ဆောင်ရွက်သမျှထွန်းပေါက်၍
အခက်အခဲကြားမှ အောင်မြင်ခြင်းကိုကြုံမည်။ အချိန်ယူစဉ်းစားလေ
တွေဝေ အမှားကြုံရလေဖြစ်မည်။ တဒင်္ဂအတွင်းဆုံးဖြတ်၍
ချက်ချင်းဆောင်ရွက်သောလုပ်ငန်းများမှ ထူးခြားသော အကျိုးဆက် ကောင်းများဖြစ်ပေါ်မည်။
လုပ်နိုင်စွမ်းရှိသလောက်ကို အသုံးချခွင့်မရှိလင့်ကစား ရရှိနေသော အခြေအနေအပေါ်သုံးသပ်၍
တိုးတက်မှုများ အဆင့်ဆင့် ဖြစ်ပေါ်မည်။
ယတြာ-ရေတံခွန်ဓာတ်ပုံ
သို့မဟုတ် ပန်ချီကားကို နေအိမ်ဝန်းကျင်တွင် ဆွဲထားပါ။
သောကြာ
ကိုယ့်ကိစ္စမဟုတ်သော
အကြောင်းအရာများအပေါ်၌ စိတ်ဝင်စားနေမည်။ ငွေကြေးတစ်ပြားမှမရသဖြင့် အချိန်ကုန်၊
ငွေကုန်၊ မိသားစုမှ အငြိုအငြင်ခံပြီး အများကိစ္စ၊ အဖွဲ့အစည်းကိစ္စလုပ်ကိုင်ရင်း၊
လူမုန်းများခြင်း မူလရှိရင်းစွဲ နာမည်ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းခြင်းများဖြစ်မည်။
ထိုင်နေအကောင်းသား၊ ထသွားမှ ကျိုးမှန်းသိဟူသော အခြေအနေသို့ ဆိုက်ရောက်မည်။
မလိုအပ်ဘဲ စရိတ်စခကြီးမြင့်စွာ သုံးစွဲရမည်။
ယတြာ-စပါးနှံပန်းချီ
သို့မဟုတ် ဓာတ်ပုံဆောင်ပါ။
စနေ
သိုသိုသိပ်သိပ်နှင့်
ပလွှားမှုမရှိဘဲနေထိုင်က အထွက်အထိပ်ရောက်မည်။ အများသူငှာမမြင်သာဘဲ
ရွက်ပုန်းသီးသဖွယ်ဆောင်ရွက်ပြီးမှ
လက်ဆောင်ဝင့်ကြွားမှုပြုရမည်။ အလွယ်တကူ ကတိမပေးရ။ အမှုမရှိဘဲ ဂါတ်တဲတစ်ခုသို့
ရောက်ရှိလိမ့်မည်။ သူတစ်ပါးအကြောင်း အတင်းအဖျင်းပြောသူ များကို ရှောင် ပါ။
သီးသီးသန့်သန့် နေထိုင်လေ အကျိုး၇ှိလေဖြစ်မည်။ အိမ်တွင်းရေးကိစ္စ၊ လူမှုရေး ပြဿနာများကို
သူ့နည်းသူ့ဟန်နှင့် ရှင်းရန်စီစဉ်ပါ။
ယတြာ-ပိုင်ရှင်မဲ့ခွေးလေခွေးလွင့်များကို
အစာကျွေးပါ။
ချမ်းမြေ့မေတ္တာတုံ့ပြန်ပါသည်။
စံ-ဇာဏီဘို
No comments:
Post a Comment