Wednesday, April 2, 2014

ရာဂျီနီကန့်သ် ပါဝင် သရုပ်ဆောင်ထားသော Kochadaiiyaan ဇာတ်ကား အထူးပွဲ ပြသမှု အခမ်းအနား အမီတာဘဂျမ်း တက်ရောက်ဖွင့်လှစ် 

 

ရုပ်ရှင်မင်းသား ရာဂျီနီကန့်သ် ပါဝင် သရုပ်ဆောင်ထားသော Kochadaiiyaan  ရုပ်ရှင်ဇာတ်ကား အထူးပွဲ ပြသမှု အခမ်းအနားကို မတ် ၃ဝ ရက်က ကျင်းပခဲ့ရာ ၎င်းအခမ်းအနားသို့ အိန္ဒိယမင်းသားကြီး တစ်ဦးဖြစ်သူ အမီတာဘဂျမ်း တက်ရောက် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကို အမျိုးသမီး ဒါရိုက်တာ တစ်ဦးဖြစ်သူ Soundarya က ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး ၎င်းဇာတ်ကား အထူး ရုံတင်ပြသပွဲ အခမ်းအ နားသို့ ဝါရင့် သရုပ်ဆောင် အများအပြား တက်ရောက်ခဲ့ကြောင်း သိရသည်။

  ရာဂျီနီကန့်သ်နှင့် အမီတာ ဘဂျမ်းတို့ နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး မိသားစုဝင်များ သဖွယ် ရင်းနှီးချစ်ခင်သူများ ဖြစ်ပြီး ၎င်းတို့နှစ်ဦး သည် ရုပ်ရှင်ဇာတ်ကား အများအပြားတွင် အတူတွဲဖက် သရုပ်ဆောင်ခဲ့သူများ ဖြစ်ကြောင်း၊ ရာဂျီနီကန့်သ်သည် အခြားသူများနှင့် ပြောဆို ဆက်ဆံရာတွင် မိမိကိုယ်ကို နှိမ့်ချ ပြောဆိုတတ်သူ တစ်ဦး ဖြစ်ကြောင်း ၎င်းပြပွဲသို့ တက်ရောက်လာသည့် အမီတာဘဂျမ်းက ရုပ်ရှင်ပြပွဲ ခန်းမအတွင်း၌ ထုတ်ဖော် ပြောကြား ခဲ့သည်ဟု သိရသည်။

No comments:

Post a Comment

back to top