ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၊ အသောကကျောင်းတိုက် မြေဇင်းတောရ (ဓမ္မရိပ်သာ) ဘုန်းတော်ပွင့် စေတီတော်၊ ဌာပနာတော်သွင်း ရွှေထီးတော်၊ စိန်ဖူးတော် အထွတ်တင် ပူဇော်ပွဲ နှင့် ဗုဒ္ဓဘိသေက မင်္ဂလာပူဇော်ပွဲ အခမ်းအနားကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၊ အသောကကျောင်းတိုက် မြေဇင်းတောရ (ဓမ္မရိပ်သာ) ဘုန်းတော် ပွင့်စေတီတော်၊ ဌပနာတော်သွင်း၊ ရွှေထီးတော်၊ စိန်ဖူးတော် အထွတ်တင်ပူဇော်ပွဲနှင့် ဗုဒ္ဓသေကမင်္ဂလာ ပူဇော်ပွဲ အခမ်းအနား ကို ဧပြီလ (၁၉)ရက်နေ့ နံနက် (၉)နာရီအချိန်တွင် အဆိုပါ စေတီတော်၌ပြု လုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဟင်္သာတ မြို့နယ် ပြည်သွှူ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးနှင့် ဇနီး ဒေါ်နီနီဝင်း (မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်နာယက)၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသာဝင်း၊ မင်္ဂလာဒုံ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်း၊ မှော်ဘီမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြီးမြင့်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဦးနှင့် ဦးဗိုလ်ကြည်၊ မှော်ဘီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်၊ မှော်ဘီမြို့ နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ဒေသခံ ပြည် သူများ၊ ရပ်/ကျေး စည်းရုံးရေးမှူးများ၊ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင် များ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များ တက်ရောက်သည်။
အခမ်းအနားပထမပိုင်းတွင် နမောတသသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခြင်း၊ နိုင်ငံတော် ဗဟိုသံဃ ၀န်ဆောင် မြင်းခြံဆရာတော် အဂ္ဂမဟာ ပဏ္ဏိတ ဘဒ္ဒန္တဌာဏ၀ံသ ထံမှ ကိုးပါးသီလခံယူဆောက်တည်ခြင်း၊ ပရိတ် ပန်း၊ ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ရေများကို ဥပါသကာ အကျိုးတော်ဆောင် အဖွဲ့မှ ဆရာတော်များထံ ဆက်ကပ်လှူဒါန်းခြင်း၊ ဥပါသကာ အကျိုးတော်ဆောင်အဖွဲ့များက ပရိတ်ပန်း၊ ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ရေများ ကို စေတီတော်မြတ်ကြီးအား ပက်ဖျန်းပူဇော်ခြင်း၊ အလှူရှင်များ တပည့် ဒါယကာ၊ ဒါယိကာမ များက ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်များအား စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်တို့နှင့် လှူဘွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခြင်းနှင့် နိုင်ငံတော် သံဃနာယက အဖွဲ့ တွဲဘက်အကျိုးတော်ဆောင် ရန်ကုန်မြို့ ဓမ္မရောင်ခြည်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဏိတ ဘဒ္ဒန္တဓမ္မထံမှ အနုမောဒနာတရား နာယူ ကြပြီး ရေစက်သွန်းချ အမျှ ဝေပေးသည်။
အခမ်းအနားဒုတိယပိုင်း တွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေ ထီးတော်နှင့် ဆက်စပ်ပစ္စည်းများအား ရထားပျံမဏ္ဍပ်သို့ ပင့်ဆောင်ပူဇော် ကာ မင်္ဂလာရထားပျံဖြင့် စေတီတော်ပေါ်သို့ ပင့်ဆောင်၍ မင်္ဂလာအချိန်တွင် ထီးတော်၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား မြေဇင်းတောရ (ဓမ္မ ရိပ်သာ) ဆရာတော် ဘဒ္ဒန္တကေလာသ၊ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး တို့က စေတီတော်၌ တင်လှူပူဇော်ပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကြ သည်။ စေတီတော်ကြီးပေါ်မှ ရွှေမိုး၊ငွေမိုးများ ရွာသွန်းဖြိုးကြပါသည်။
အခမ်းအနားတတိယပိုင်းတွင် ဥပါသကာများမှ အနေကဇာတင်ရန်အတွက် ဆရာတော်၊ သံဃာတော် များအား မဏ္ဍပ်အတွင်း ပင့်ဆောင်ပြီး ဆရာတော် သံဃာတော်များထံ တံခွန်၊ ကုက္ကာများ ဆက်ကပ်ကြကာ နိုင်ငံတော် သံဃ နာယကအဖွဲ့ တွဲဘက်အကျိုးတော်ဆောင် ရန်ကုန်မြို့ ဓမ္မရောင်ခြည် ကျောင်း တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဏိတ ဘဒ္ဒန္တအဂ္ဂဓမ္မဦးဆောင်၍ ဆရာတော် သံဃာတော်များက အနေကဇာ တင်ခြင်းကို ဆက်လက်ပြုလုပ်ကြပါသည်။ ၎င်းနောက် ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းကာ ကြွရောက်လာသော ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းသည်။
အဆိုပါ အေးငြိမ်းချမ်းသာပြည်သာယာ စေတီတော်အား သန်လျင်မြို့ ဒေ၀ ဒဟ သမ္မသိဒ္ဓနတ်စင်တရာ ဆရာတော် ဘဒ္ဒန္တပညာတေဇ၏ သြ၀ါဒအားခံ ယူပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဟင်္သာတ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်း မိသားစုနှင့် အလှူရှင်များ စုပေါင်း၍ စိန်ဖူးတော်၊ ရွှေထီးတော် တင်လှူပူဇော်ခြင်းဖြစ်ပြီး ကြွရောက်လာ သူ အင်အား (၅၀၀၀)ကျော်အား စတုဒီသာ ထမင်းဟင်းတို့ဖြင့် နံနက်(၈)နာရီမှ ညနေ (၄)နာရီထိ ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။





No comments:
Post a Comment