Monday, April 28, 2014

မိုတိုဂရင်းပရီ လေ့ကျင့်မှုမှာ မာကွစ် အမြန်ဆုံးစံချိန် ရတဲ့ သတင်း








အာဂျင်တီးနား မိုတိုဂရင်းပရီ လေ့ကျင့်မှုမှာ ဟွန်ဒါအသင်းသား မတ်မာကွစ်က (၁)မိနစ်(၃၉ဒသမ၃၁၃)စက္ကန့်နဲ့ ကွင်းတစ်ပတ် အမြန်ဆုံးစံချိန် ရပါတယ်။ သူ့လိုပဲ ဟွန်ဒါအသင်းသားဖြစ်တဲ့ ဒါနီပီဒရိုဆာက (၁)မိနစ်(၄၀ဒသမ၃၉၆)နဲ့ ဒုတိယအမြန်ဆုံးစံချိန် ရပါတယ်။ ယာမာဟာ အသင်းသားဖြစ်တဲ့ အဲလက်အက်စ်ပါဂါရိုက (၁)မိနစ်(၄၀ဒသမ၅၆၆)စက္ကန့်နဲ့ တတိယ အမြန်ဆုံးစံချိန် ရပါတယ်။ သူတို့(၃)ဦးလုံးဟာ စပိန်နိုင်ငံသားတွေပါ။ Moto2 လေ့ကျင့်မှုမှာတော့ ပြင်သစ်နိုင်ငံသား ဂျိုဟန်ဇာကိုက (၁)မိနစ်(၄၅ဒသမ၀၆၆)စက္ကန့်နဲ့ အမြန်ဆုံးစံချိန်ရပြီး ဂျာမနီနိုင်ငံသား ဂျိုနတ်ဖော့ဂါက (၁)မိနစ်(၄၅ဒသမ၀၉၃)စက္ကန့်နဲ့ ဒုတိယအမြန်ဆုံး ဖြစ်ခဲ့ပါတယ်။Moto3 လေ့ကျင့်မှုမှာတော့ သြစတြေးလျနိုင်ငံသား ဂျက်မီလာက (၁)မိနစ်(၅၀ဒသမ၃၆၇)စက္ကန့်နဲ့ အမြန်ဆုံးစံချိန်ရပြီး စပိန်နိုင်ငံသား အက်ဖ်ရန်ဗက်ကွစ်က (၁)မိနစ် (၅၀ဒသမ၆၃၀)စက္ကန့်နဲ့ ဒုတိယ အမြန်ဆုံးစံချိန် ရပါတယ်။

No comments:

Post a Comment

back to top