Bluefin -21 ရေယာဉ်ဖြင့်
ပင်လယ်ရေအောက် ၉၅ ရာခိုင်နှုန်းနီးပါး ရှာဖွေ ပြီးစီးသွားသော် လည်း MH-370
လေယာဉ်နှင့် ပတ်သက်သည့် အချက်အလက် တစ်စုံတစ်ရာ မတွေ့
အမေရိကန်ရေတပ်သုံး
ပင်လယ်ကြမ်းပြင်အောက် ရှာဖွေရေး မောင်းသူမဲ့ရေ ယာဉ် Bluefin -21 သည် မလေးရှား
ပျောက်ဆုံးလေယာဉ်ကို အိန္ဒိယ သမုဒ္ဒရာ ရေအောက်ရှိ မကြုံစဖူး နက်ရိုင်းသည့်
ကမ်းပြင်၌ ရေငုပ် ရှာဖွေလျက်ရှိရာ ရှာဖွေရေး အစီအစဉ်၏ ၉၅ ရာခိုင်နှုန်း နီးပါးကို
ရှာဖွေပြီးစီး သွားသော်လည်း MH-370 လေယာဉ်နှင့် ပတ်သက်သည့်အချက်အလက် တစ်စုံတစ်ရာ
မတွေ့ရှိခဲ့ကြောင်း Joint Agency Coordination Center (JACC) က ဧပြီ ၂၅
ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။
သို့သော် သြစတြေးလျပင်လယ်
ရေကြောင်းဆိုင်ရာ လုံခြုံရေး အာဏာပိုင်များသည် ပင်လယ်ရေ အောက်ကြမ်းပြင် ဧရိယာ
၄၉၂၄ဝ စတုရန်း ကီလိုမီတာ နီးပါးထိ ရှာဖွေမှုများ ဆက်လက် ပြုလုပ်ရန် ဧပြီ ၂၅ ရက်က
စီစဉ်ခဲ့သည်ဟု သိရသည်။
ထို့ကြောင့်
လုံခြုံရေးအာဏာပိုင်များသည် MH-370 ပျောက်ဆုံးလေယာဉ် ရှာဖွေရေး အစီအစဉ်တွင် အကူအညီ
အထောက်အပံ့ ဖြစ်စေရန်အတွက် စစ်လေယာဉ် ရှစ်စင်းနှင့် စစ်သင်္ဘော ၁ဝ စင်းတို့ကို
ထပ်မံစေလွှတ်ရန် စီစဉ်ခဲ့သည်ဟု သိရသည်။
No comments:
Post a Comment