Monday, April 28, 2014


အနာဂတ် ပေါင်းစည်းညီညွတ်ရေး အစိုးရအဖွဲ့က အစ္စရေးကို အသိ အမှတ်ပြုမည်ဟု ပါလက်စတိုင်း သမ္မတ ပြောကြား
အနာဂတ် ပါလက်စတိုင်း ပေါင်းစည်း ညီညွတ်ရေး အစိုးရအဖွဲ့က အစ္စရေး နိုင်ငံကို အသိအမှတ်ပြု လက်ခံသွားမည် ဖြစ်ကြောင်း သမ္မတ မာမွတ်အဘတ်စ်က ဧပြီ ၂၆ ရက်တွင် ကြေညာခဲ့သည်။ပါလက် စတိုင်း သမ္မတ အဘတ်စ်၏ ယင်းကြေညာချက်သည် အနာဂတ် နိုင်ငံရေးဆိုင်ရာ လုပ်ငန်း စဉ်များနှင့် ပြန်လည် ပေါင်းစည်းရေး လုပ်ငန်းများကို ဟားမက်စ်အဖွဲ့နှင့် နှစ်ရက်ကြာ ဆွေးနွေးရန် အတွက် ရာမာလာ မြို့တွင် ကျင်းပခဲ့သည်။ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ (PLO) ရှိ ဗဟိုကောင်စီ ၏ တွေ့ဆုံဆွေးနွေးပွဲ တွင်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
(PLO) မှ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့သည် ဟားမက်စ်နှင့် ဖာတာအဖွဲ့တို့ အကြား ပြန်လည်ပေါင်းစည်းရေး သဘောတူညီချက်ကို အထမြောက်စေရန်နှင့် စပ်လျဉ်း၍ ဂါဇာမြို့တွင် ဧပြီ ၂၃ ရက်က ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲတစ်ခုတွင် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

back to top