နျူကလီးယား ဖောက်ခွဲရေး
စနက်တံကို တပ်ဆင်ပြီး သွားပြီဖြစ် တဲ့ မြောက်ကိုရီးယားနိုင်ငံ
မြောက်ကိုရီးယားနိုင်ငံဟာ
နျူကလီးယားဖောက်ခွဲရေးစနက်တံတပ်ဆင်မှုအပါအ၀င် လုပ်ဆောင်ဖွယ် ရှိတဲ့ နျူကလီးယား
စမ်းသပ်မှုအတွက်ပြင်ဆင်မှုတွေကို ပြီးစီးပြီးသွားပြီလို့
တောင်ကိုရီးယား အစိုးရ သတင်းအရင်းအမြစ် အရ သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ
ဖောက်ခွဲရေးစနက်တံတစ်ခုနဲ့ ဒုံးကျည်အကွာအဝေးတိုင်းတာပေးတဲ့ ကိရိယာတစ်ခုတို့ကို
နိုင်ငံရဲ့ အရှေ့မြောက်ပိုင်း၊ နျူကလီးယား စမ်းသပ်တဲ့နေရာ “ပွန်ကီရီ”ရှိ
လိုဏ်ခေါင်းတစ်ခုထဲကို ပြောင်းရွှေ့ပြီးသွားပြီလို့သိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ
အဲ့ဒီဥမင်လိုဏ်ခေါင်းရဲ့ ၀င်ပေါက်ကို ကွန်ကရစ်နဲ့ ပိတ်ထားပြီး ပြုံးရန်ဟာ
သူတို့ဆုံးဖြတ်ချပြီးရင်တော့ နျူကလီးယားစမ်းသပ်မှုကို လုပ်ဆောင်နိုင်တယ်လို့
အဲ့ဒီသတင်း အရင်းအမြစ် မှာ ဖော်ပြထားပါတယ်။ ဥမင်လိုဏ်ခေါင်းကို
ပိတ်ပြီးသွားပြီဖြစ်တဲ့အတွက် ရက်သတ်္တပတ်တစ်ပတ် ကနေ နှစ်ပတ်အတွင်း
နျူကလီးယားစမ်းသပ်မှုကို လုပ်ဆောင်နိုင်ပြီး ဥမင်လိုဏ်ခေါင်းကို ဘယ်အချိန်မှာ
ပိတ်ခဲ့သလဲဆိုတာကိုတော့ အဲ့ဒီသတင်းမှာ မဖော်ပြထားဘူးလို့ သိရပါတယ်။
ကြာသပတေးနေ့
အစောပိုင်းကလည်း နျူကလီးယား စမ်းသပ်ပစ်လွှတ်တဲ့ နေရာမှာ ဖြစ်နိုင်ဖွယ် ရှိတဲ့
နျူကလီးယား စမ်းသပ်မှုအတွက် ပြင်ဆင်မှုတွေကို တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာန က
စောင့်ကြည့်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက တတိယအကြိမ် နျူကလီးယား
စမ်းသပ်မှု မပြုလုပ်မီ လုပ်ဆောင်ခဲ့ သလိုပဲ အခုချိန်မှာလည်း
မြောက်ကိုရီးယားနိုင်ငံဟာ လိုဏ်ခေါင်းရဲ့ ၀င်ပေါက်ကို အနက်ရောင်လိုက်ကာနဲ့
ကာထားတယ်လို့ဆိုပါတယ်။ ဒါ့အပြင် အမေရိကန်သမ္မတ အိုဘားမားဟာ သောကြာနေ့မှာ
ကိုရီးယားနိုင်ငံကို သွားရောက်လည်ပတ် မှာဖြစ်ပြီး မြောက်ကို ရီးယားနျူကလီးယား
ဖွံ့ဖြိုးရေးစီမံကိန်းနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းရာမှာ ဂျပန်၊ အမေရိကန်နဲ့
တောင်ကိုရီးယားနိုင်ငံတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အရေးပါပုံကို အဓိက
ဆွေးနွေးဖွယ် ရှိနေတယ်လို့သိရပါတယ်။
No comments:
Post a Comment