Tuesday, April 1, 2014

နယ်တွေမှာ သီချင်းလိုက်ဆိုနေတဲ့ ပုလဲဝင်း

 

ဧပြီ ၁၂ ရက်နေ့အထိ နယ်မြို့များတွင် သီချင်းလိုက်ဆိုမည်ဖြစ်ကြောင်း ပုလဲဝင်းက ပြောသည်။ ”အခု ကြံခင်းရောက်နေပြီ။ တစ် ညဆိုပြီးရင် နောက်တစ်နယ်ကို ပြောင်း ပြီးဆိုမှာပါ”ဟု ပုလဲဝင်းက ပြောသည်။ ”ပုလဲသီချင်းဆိုတာ အဆိုတော် အနေနဲ့ဆိုတာမဟုတ်ဘူး။ ပရိသတ်တွေ သိတဲ့ မင်းသမီးပုလဲဝင်းအဖြစ် သီချင်း ဆိုတာပါ”ဟု ၎င်းကပြောသည်။”ဒီနေ့၁၂ရက်နေ့အထိနယ်မှာသီချင်းလိုက်ဆိုမှာဆိုတော့သင်္ကြန်ကို ဘယ်မှာရှိနေမယ်ဆိုတာ မရွေးချယ်ရ သေးဘူး”ဟု ပုလဲဝင်းက ဆက်ပြော သည်။
နယ်ပရိသတ်တွေ အားပေးမှု အထူးရရှိထားသူ ပုလဲဝင်းက နယ်က ပရိသတ်တွေထဲမှာထူးခြားတဲ့အမှတ် တရတွေအမြဲရရှိသည်ဟု ၎င်းထံမှသိရ သည်။”ပုလဲနယ်ဘက်သီချင်းဆိုစရာရှိလို့ဇာတ်ကားရိုက်ကူးမှုလည်း ခဏထားခဲ့တယ်”ဟု ပုလဲဝင်းက ပြောသည်။ သင်္ကြန်အပြီးမှာတော့ ဇာတ်ကား တွေပြန်ပြီး ရိုက်ကူးမှာဖြစ်ကြောင်း ၎င်း ထံမှသိရသည်။

No comments:

Post a Comment

back to top